ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေအားလုံးက ချစ်မ၀ ဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ Beauty Blogger မှ တစ်ဆင့်အနုပညာလောကကို ကူးပြောင်းလာပြီး လက်ရှိမှာတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသမီးလေးတစ်လက်အဖြစ် အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်လေး ဖြစ်လာတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့ အလုပ်သာမက အခြား နေရာတွေမှာပါ ထူးချွန်လွန်းတာကြောင့်လည်း အားလုံးရဲ့ ချီးကျုးမှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။

Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account

ချီချီဟာ လတ်တလောမှာလည်း မိခင်ဖြစ်သူရဲ့ ခြံအကျယ်ကြီးထဲမှာ စိမ်းလန်းစိုပြေပြီး မြန်မာ့ ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်စေမယ့် Resort လေးတစ်ခု တည်ဆောက်ရန် မေမေနဲ့ တိုင်ပင်နေပြီပဲ ဖြစ်ပါတယ်။ ချီချီဟာ ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင်မတည်ထားတဲ့ နဂါးရုံဘုရားကြီးလည်း မကြာခင်မှာ ပြီးစီးတော့မှာဘဲ ဖြစ်ပါတယ်။ ဒီလို စိတ်သဘောထားလည်း ဖြူစင်လွန်းတဲ့ ချီချီကိုတော့ ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကလည်း ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ ချီချီဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာဖြစ်အောင် Gym နဲ့ ယောဂ အားကစားကို အမြဲလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။   

Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account

အခုမှာလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ဖြစ်အောင် အားသွန်ခွန်စိုက် လေ့ကျင့်ခန်းတွေလုပ်နေတဲ့ ချီချီရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေ အမြဲလုပ်ဆောင်နေတာကြောင့်လည်း ချီချီရဲ့ ကိုယ်လုံးလေးဟာ ပိုမိုကျစ်လစ်လှပနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ချီချီရဲ့ ဗီဒိယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nay Chi Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။