အဆိုတော်မလေး အိမ့်ချစ်ကတော့ အသံကောင်းသလို သီချင်းဆိုလိုက်တိုင်းမှာလည်း နားဆင်သူတွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ အိမ့်ချစ်က နာမည်ကြီးအဆိုတော် ချစ်ကောင်းရဲ့သမီးလေးဖြစ်ပြီး ဖခင်ဖြစ်သူလိုပဲ ဂီတလောကမှာ ထွန်းတောက်အောင်မြင်အောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ့်ချစ်က သူမအရမ်းချစ်ရတဲ့ ချစ်သူနဲ့အတူတူ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit-Shane Htat Aung
Photo Credit-Shane Htat Aung
Photo Credit-Shane Htat Aung

အိမ်ထောင်သည်ဘဝလေးကို စတင်လျှောက်လှမ်းနေပြီဖြစ်တဲ့ အိမ့်ချစ်ကတော့ ချစ်ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းကတော့ အိမ့်ချစ်တို့ဇနီးမောင်နှံက မိသားစုတွေနဲ့အတူ ပုဂံကိုပျော်ပျော်ပါးပါး ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။ ပုဂံမှာလျှောက်လည်ရင်း ပျော်ရွှင်ခဲ့တဲ့ အိမ့်ချစ်တို့စုံတွဲလေးက Romantic ဆန်ဆန်ပုံရိပ်လေးတွေကိုလည်း ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-Shane Htat Aung
Photo Credit-Shane Htat Aung
Photo Credit-Shane Htat Aung

အိမ့်ချစ်တို့ကြင်စဦးဇနီးမောင်နှံကတော့ ပုဂံမှာ တစ်ယောက်လက်ကိုတစ်ယောက်တွဲရင်း ကြည်နူးပြုံးပျော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ့်ချစ်က ပုဂံမှာတုတ်တုတ်စီးရင်း လျှောက်သွားလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ ပျော်စရာကောင်းခဲ့တဲ့ သူမတို့မိသားစုရဲ့အမှတ်တရပုံလေးတွေကိုလည်း မျှဝေပေးထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပုဂံကိုခရီးထွက်ခဲ့ကြတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံနဲ့ သူမတို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Eint Chit's FB Acc

Photo Credit-Shane Htat Aung

Photo Credit-Shane Htat Aung
Photo Credit-Shane Htat Aung
Photo Credit-Shane Htat Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။