သရုပ်ဆောင်မင်းသမီးချော မေသန်းနုကတော့ မကြာသေးခင်ကပဲ အပြစ်ဒဏ်ကလွတ်မြောက်ခဲ့ပြီး စိတ်သစ်လူသစ်နဲ့ ဘဝအသစ်တစ်ခုကို စတင်လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမတွေကလည်း မေသန်းနုအတွက် ဝမ်းသာပီတိဖြစ်ခဲ့ရပြီး အားလုံးကနွေးထွေးစွာ ပြန်လည်ကြိုဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတဲ့ မေသန်းနုကတော့ ပြီးခဲ့တဲ့ဇူလိုင်လ (၁၈) ရက်နေ့မှာပဲ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Min Thant Mg Mg's FB Acc
Photo Credit-Min Thant Mg Mg's FB Acc
Photo Credit-Zin Yaw Mg Mg's FB Acc

အကယ်ဒမီများရှင်မေသန်းနုက ဆရာလေး သုန္ဒရာဏရီဆိုတဲ့ ဘွဲ့အမည်နဲ့ လှည်းကူးမြို့နယ်၊ ဥယျာဉ်ဝကျေးရွာ ၊ သဘာဝဓမ္မဂယာ တရားရိပ်သာမှာ တရားအားထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တရားကျင့်ကြံအားထုတ်ခဲ့တဲ့ မေသန်းနုကတော့ ဒီနေ့ဇူလိုင်လ (၂၉)ရက်နေ့မှာပဲ လူဝတ်လဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မေသန်းနုကို စင်ရော်မောင်မောင်နဲ့ သားမင်းသန့်မောင်မောင်တို့သွားရောက်ကြိုဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Min Thant Mg Mg's FB Acc
Photo Credit-Zin Yaw Mg Mg's FB Acc
Photo Credit-Min Thant Mg Mg's FB Acc

အခုလည်း စင်ရော်မောင်မောင်က သဘာဝဓမ္မဂယာတရားရိပ်သာကို သွားရောက်ပြီး တရားအဆုံးအမတွေကို နာယူမှတ်သားနေတဲ့ မေသန်းနုရဲ့လှုပ်ရှားမှုလေးတွေကို Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ မေသန်းနုက အေးချမ်းကြည်လင်တဲ့မျက်နှာလေးနဲ့ ပြုံးရွှင်နေသလို သားလေးမင်းသန့်မောင်မောင်ကလည်း မိခင်ကိုကြည့်ကာ ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူဝတ်လဲလိုက်ပြီဖြစ်တဲ့ မေသန်းနုရဲ့ဗီဒီယိုလေးကိုလည်း အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Zin Yaw Mg Mg's FB Page 

Photo Credit-Zin Yaw Mg Mg's FB Page
Photo Credit-Zin Yaw Mg Mg's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။