မိန်းမလှလေးတွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ညိမ်းသော်က လက်ရှိမှာ တက်သစ်စ အနုပညာရှင်တစ်ယောက်အဖြစ် အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာပါ။ စမတ်ကျပြီး ကိုရီးယားဆန်တဲ့ ပုံစံလေးတွေကြောင့် ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင်အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။

Photo Credit : Win Min Htun
Photo Credit : Win Min Htun

ညိမ်းသော်ကတော့ မကြာခင်က ခရီးတွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးသွား အမှတ်တရ အမိုက်စားပုံတွေကိုလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ဒါ့ပြင် ကြော်ငြာတွေ Photo ရူတင်တွေ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ဂျင်းဖက်ရှင်လေးနဲ့ ကိုရီးယားမင်းသားလေးလား ထင်မှတ်ရလောက်အောင် အထာကျကျ အမိုက်စား ဂေါ်လွန်းနေတဲ့ ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Win Min Htun
Photo Credit : Win Min Htun

ပုံလေးထဲမှာ ညိမ်းသော်တစ်ယောက် အရမ်းမိမိုက် ဂေါ်နေတာလည်းဖြစ်ပါတယ်။ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် စတင်နာမည်ကြီးခဲ့တဲ့ ညိမ်းသော်ကအခုဆို သရုပ်ဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် ညိမ်းသော်ရဲ့ဖက်ရှင် အမိုက်စားပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Win Min Htun
Photo Credit : Win Min Htun

Source : Nyein Thaw Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။