Mobile Legends ထဲမှာဆိုရင် Role အမျိုးမျိုးရှိတာကို ပရိသတ်ကြီးလဲ သိရှိကြမှာဖြစ်ပါတယ်။ အဲ့အပြင် Fighter ထဲမှာမှ နောက်ထပ် အသေးစိတ်ခွဲထားတဲ့ Role တွေထပ်ရှိသေးသလို Mage တွေမှာလဲရှိပါသေးတယ်။ Player တော်တော်များများလဲ သိရှိကြပြီးသားဖြစ်မယ်ထင်ပါတယ်။ Mage Role ဟာဆိုရင် ခုချိန်မှာ Hero 25 ကောင်ရှိပြီး အမျိုးအစားတွေကတော့ Mages, Mage/Assassins, Mage/Support, Mage/Tank, Marksman/Mage တို့ဖြစ်ပါတယ်။ အဲ့ထဲမှာမှ ထပ်ပြီး အမျိုးအစားခွဲလိုက်တာမို့ အောက်မှာဖော်ပြလိုက်ပါတယ်။ 

Pure Mages

Pure Mages ဆိုတာ Magic Damage တော်တော်ပြင်းပြီး ဘာ Role နဲ့မှ မရောတဲ့ Mage စစ်စစ်ဖြစ်ပါတယ်။ ပါဝင်တဲ့ Hero တွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်။ Aurora, Cecilion, Chang'e, Cyclops, Eudora, Gord, Harith, Kagura, Lunox, Luo Yi, Lyila, Odette, Pharsa, Vale, Valir, Vexana နဲ့ Zhask တို့ပဲဖြစ်ပါတယ်။ 

Primary Mages

Primary Mages ဟာဆိုရင်တော့ Mage ကိုဦးစားပေးပြီးတော့ တခြား Role တစ်ခုခုနဲ့ရောထားတာဖြစ်ပါတယ်။ ပါဝင်တဲ့ Hero တွေကတော့ Mage/Tank အဖြစ် Alice,Esmeralda, Mage / Assassin အဖြစ် Harley, Kadita နဲ့ Mage / Support အဖြစ် Nana တို့ပဲဖြစ်ပါတယ်။

Secondary Mages

Secondary Mages ကတော့ အရှေ့မှာ Role တစ်ခုခုနဲ့နောက်မှာ Mage ကို ဒုတိယအနေနဲ့ထားထားတဲ့ Role ကိုဆိုလိုတာဖြစ်ပါတယ်။ ပါဝင်တဲ့ Hero တွေကတော့ Assassin / Mage အဖြစ် Selena, Marksman / Mage အဖြစ် Kimmy နဲ့ Support/Mage အဖြစ် Faramis တို့ဖြစ်ပါတယ်။

သတင်းအရင်းမြစ် Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။