Mobile Legends ရဲ့ Magic Chess ဟာဆိုရင် တစ်ခါဆော့ပြီး နောက်ပိုင်းဆော့ချင်လောက်အောင် ကောင်းတဲ့ Mode တစ်ခုပဲဖြစ်ပါတယ်။ လက်ရှိမှာ ဆော့ကစားတဲ့သူတွေလဲ များစွာရှိတာမို့ ရှာရတဲ့ ပွဲချိန်ဟာလဲ မကြာပါဘူး။ Rank စနစ်ကြောင့်သာ Warrior နဲ့ Epic တွေ့လိုတွေ့ Legend တွေ့လိုတွေ့ ဖြစ်နေကြပေမယ့်လည်းပဲ သူအနေအထားနဲ့တော့ ဆော့ကစားလို့ကောင်းပါတယ်။ လက်ရှိအချိန်မှာ Hero ပေါင်း ၄၉ကောင်ပါပေမယ့်လဲ တချို့ကို ထုတ်ထားတာမို့ Synergy တချို့လဲ အထုတ်ခံလိုက်ရပါတယ်။ Synergy ဟာဆိုရင်တော့ ကိုယ်အနိုင်ရဖို့ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ 

ခုလက်ရှိ Synergy ထဲမှာ Role 9 ခုပါဝင်ပြီး Faction 10 ခုရှိပါတယ်။ ဒါပေမယ့်လဲ လက်တလောဂိမ်းထဲကနေ ထုတ်ထားတဲ့ဟာတွေကိုပဲ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

Summoner

Summoner Effect ပွင့်ဖို့အတွက်ဆိုရင် မတူညီတဲ့ Summoner Hero တွေလိုအပ်ပြီး နှစ်ကောင်ဆိုရင် Sacred Beast တစ်ကောင်ကိုယ့်ဘက်ကနေ တိုက်ခိုက်ပေးဖို့ ဆင့်ခေါ်လို့ရမှာဖြစ်ပြီး ကိုယ့်ရဲ့ တိုက်ခိုက်မှုကိုလဲ ၈% တိုးပေးမှာဖြစ်ပါတယ်။ Hero ၄ကောင်ဆိုရင်တော့ Lord ကို ဆင့်ခေါ်လို့ရမှာဖြစ်ပြီး ၂၀% တိုက်ခိုက်မှုတိုးစေမှာဖြစ်ပါတယ်။

Support

Effect ကိုပွင့်ဖို့အတွက်ဆိုရင်တော့ Support Hero တစ်ကောင်လိုအပ်ပြီး ရရှိမယ့်ဟာကတော့ Support Hero ရဲ့ တိုက်ခိုက်မှုကို ၂၀%တိုးစေပြီး ကိုယ့်ဘက်က သူတွေကို Physical နဲ့ Magic ခုခံမှုကို သူရဲ့ Skill သုံးပြီး ၂၀% တိုးစေမှာဖြစ်ပါတယ်။ သူရဲ့ Skill ကို နှစ်ဆထိ တိုးနိုင်ပါတယ်။

The Eruditio

Effect ပွင့်ဖို့အတွက်ဆိုရင် မတူညီတဲ့ The Eruditio Hero တွေလိုအပ်ပါတယ်။ အများဆုံးရှိနိုင်တဲ့ Hero က နှစ်ယောက်ပဲဖြစ်ပြီး ရရှိမယ့် Effect ကတော့ Round ပြီးသွားချိန်တိုင်း Gold 1 ကနေ 3 ထိရရှိနိုင်ပါတယ်။ 

သတင်းအရင်းမြစ် Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။