ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းကတော့ အနုပညာအလုပ်တွေကို ငယ်စဉ်အခါတည်းက လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နိုင်းနိုင်းက တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံရပါတယ်နော်။ နိုင်းနိုင်းရဲ့ ရုပ်ရည်ကတော့ အရမ်းဖြောင့်ပြီး ခန့်ညားလွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပဲဖြစ်ပါတယ်။

Photo credit - Actor 99's FB page
Photo credit - Actor 99's FB page

နိုင်းနိုင်းက ချစ်ရတဲ့မိန်းကလေး စန္ဒီချိုနဲ့ အတူတူ နှစ်ယောက်တစ်ဘဝကို တည်ဆောက်လိုက်ပြီး သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပါတယ်နော်။ နိုင်နိုင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီ ဇနီးရှိတဲ့နိုင်ငံကို သွားလိုက်ပြန်လိုက်လုပ်နေပါတယ်။ အခုဆိုရင်တော့ နိုင်နိုင်းက ချစ်စရာ သားသားမီးမီးလေး ၄ယောက်ကို ပိုင်ဆိုင်ထားပြီး သိုက်သိုက်ဝန်းဝန်းနဲ့ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

Photo credit - Actor 99's FB page
Photo credit - Actor 99's FB page

နိုင်းနိုင်းက သူရဲ့ အားလပ်ရက်လေးမှာ သူဝါသနာပါတဲ့ သေနတ်ပစ်ကို လေ့ကျင့်နေခဲ့တာပါ။ ကြီးမားလှတဲ့ သေနတ်ကြီးကို ကိုင်ကာ စမတ်ကျကျဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါရင်း " အပျင်းအပြေ တနဂ်နွေ...ရဲဘော်များထားခဲ့ပြီး လေ့ကျင့်ရေးလုပ် " ဆိုတဲ့ စာသားလေးကို ရေးသားထားတာပါ။ နိုင်းနိုင်း ရဲ့ ပုံလေးတွေတိုင်းက စမတ်ကျပြီး ကြည့်ကောင်းနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်... ။

Photo credit - Actor 99's FB page
Photo credit - Actor 99's FB page
Photo credit - Actor 99's FB page

Source & Photo credit - Actor 99's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။