မိစန္ဒီ ဒီ​နေ့ ​ခြေ​ထောက်​ကိုခွဲလိုက်​ရပါတယ်...

minor operation ​လေးပါပဲ..

ဒါ​ပေမယ်​့နည်​းနည်​းအထဲကို​တော်​​တော်​ နက်​နက်​​လေး တူးပြီး ခွဲထားရတဲ့ အတွက်​ ထုံ​ဆေးပြယ်​​တော့ ​သေမ​လောက်​ ရူးမ​လောက်​ကိုနာ​နေပါတယ်​..

ခြေမကြီးဆို​တော့ လမ်​းလည်​း ​တော်​​တော်​ မ​လျှောက်​နိုင်​ပါဘူး.. အဲ့ဒါ​ကြောင်​့ ဒီရက်​ပိုင်​း အလုပ်​ကိစ္စ ပျက်​ကွက်​မှု​လေး​တွေ ရှိရင်​ ခွင်​့​့လွှတ်​​ပေးပါ..

သူငယ်​ချင်​း​တွေ ​တေး​ရေး ​တေးဆို music producer ​တွေအတွက်​ အ​ခွေလက်​​ဆောင်​​လေး​တွေလည်​း မိစန္ဒီ ပို့ခိုင်​း​ပေးပါမယ်​​နော်​..

ဘယ်​က​နေ ဘယ်​လိုစဖြစ်​လို့ ဘာဖြစ်​မှန်​းကို မသိလို့ ရှင်​း​တော့ မပြတတ်​ပါဘူး.. ​သေချာတာက မိုးတွင်​း ဗွက်​​တွေ​ရေ​တွေထဲ သွားရင်​း infection ဝင်​တာက​နေစတာပါပဲ..

အ​ခွေကိစ္စ​တွေ ပွဲ​တွေရှိတာနဲ့ ဂရုမစိုက်​မိ​တော့ ပိုပိုုပြီးဆိုးလာတာ​ပေါ့​နော်​..ဖြစ်​​နေတာ ၃ပတ်​​ရှိသွားပြီ.. အားလုံးလည်​း မိုးတွင်​းမှာ ဂရုစိုက်​ကြပါ​နော်​..

တစ်​ခုခုဖြစ်​ရင်​လည်​း မ​ပေါ့နဲ့​နော်​.. အစတည်​းက တစ်​ခုခုဆို ချက်​ချင်​းပြပြီး လုပ်​စရာရှိတာလုပ်​ပါ​နော်​.. အနာကို မ​မွေးကြပါနဲ့​နော်​ :'( :'( လို့ပရိသတ်ကြီးကို မိစန္ဒီက သတိပေးထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။