ပရိသတ်ကြီးရေ လတ်တလော MRTV-4 ထုတ်လွှင့်ပြသနေတဲ့ ဂျီဟောသူ မြန်မာ့ရုပ်သံဇာတ်လမ်းတွဲလေးကတော့ ယခုဆိုရင် ပြီးဆုံးခဲ့ပါပြီနော်..။ ဒီဇာတ်လမ်းကတော့ ကျောင်းသားတွေရဲ့ ဝတ်စားဆင်ယဉ်မှု ၊ အပြောအဆို ၊အနေအထိုင်လေးတွေကအစ ပရိသတ်တွေ အရင်ခေတ်ကိုပြန်လည်ရောက်ရှိသွားသလိုမျိုး ခံစားနိုင်မယ့် သဘာဝကျကျ နဲ့ ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

Photo Credit - Shin Mwe La's Facebook Page
Photo Credit - Shin Mwe La's Facebook Page

ဒီဇာတ်လမ်းလေးထဲမှာတော့ တက်သစ်စ အနုပညာရှင်လေးတွေ အများဆုံးပါဝင်ထားတာ တွေ့ရပြီး သူတို့လေးတွေရဲ့ သရုပ်ဆောင်ချက်တွေကလည်း အပြစ်ပြောစရာမရှိလောက်အောင် သဘာဝကျကျ နဲ့ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် " ဂျီဟောသူ " ဇာတ်လမ်းတွဲလေး ထုတ်လွှင့်ပြသလို့ ပြီးဆုံးသွားခဲ့ပေမယ့်လည်း ပရိသတ်တွေရင်မှာတော့ အမှတ်တရလေးတွေ ရှိနေခဲ့မှာ သေချာပါတယ်နော်..။ ယခုမှာဆိုရင်လည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရှင်မွေလ ကတော့ ဇာတ်လမ်းလေးရဲ့ အမှတ်တရလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Shin Mwe La's Facebook Page
Photo Credit - Shin Mwe La's Facebook Page

ဒီ ပုံရိပ်လေးတွေထဲမှာတော့ ဂျီဟောသူ လေးတွေ ရဲ့ ပျော်ပျော်ရွှင်ရွှင် နဲ့ အကောင်းဆုံး ကြိုးစားထားတဲ့ ကင်မရာနောက်ကွယ်က ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း ရှင်မွေလ " “ ဂျီဟောသူ ”လေးလဲဒီနေ့ ဇာတ်သိမ်းပြီဆိုတော့ အမှတ်တရအနေနဲ့ Shooting ကပုံလေးတွေတင်မယ်နော် " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ထုတ်လွှင့်ပြသလို့ ပြီးဆုံးသွားခဲ့တဲ့ " ဂျီဟောသူ " ဇာတ်လမ်းလေးရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Shin Mwe La's Facebook Page
Photo Credit - Shin Mwe La's Facebook Page

Photo Credit - Shin Mwe La's Facebook Page

Source - Shin Mwe La's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။