ချစ်သုဝေလို့ဆိုလိုက်တာနဲ့ ခေတ်လေးနဲ့သစ်လေးတို့ရဲ့ချစ်စရာမေမေဆိုတာလူတိုင်းသိကြပါတယ်။ သူမဟာကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ရုံ၊ အဆိုကောင်းရုံတင်မဟုတ်ဘဲ ပျော်ရွှင်သောမိသားစုလေးကိုပါအောင်မြင်စွာတည်ဆောက်ထားနိုင်သူလေးလည်း ဖြစ်ပါတယ်။ မိသားစုကိုဖန်တီးနေသူများအတွက် လေးစားအားကျစရာမိသားစုလေးတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

Photo Crd- Chit Thu Wai’s Facebook Account
Photo Crd- Chit Thu Wai’s Facebook Account
Photo Crd- Chit Thu Wai’s Facebook Account

လင်းလင်းနဲ့ချစ်သုဝေတို့ကလည်းအနုပညာလောကမှာအောင်မြင်နေတဲ့သူတွေ ဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့သမီးလေးတွေပါပိုင်ဆိုင်ထားတာကြောင့်ပြီးပြည့်စုံသောနေ့ရက်လေးတွေဖြတ်သန်းနေတာဖြစ်ပါတယ်။ သူမဟာ ခေတ်နဲ့သစ် ဖောင်ဒေးရှင်းတည်ထောင်ထားကာ လိုအပ်တဲ့နေရာတွေမှာ လိုက်လံကူညီပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Chit Thu Wai’s Facebook Account
Photo Crd- Chit Thu Wai’s Facebook Account
Photo Crd- Chit Thu Wai’s Facebook Account

ဒါကတော့ " သမီး​လေး​တွေထက် ငယ်တဲ့က​လေး​တွေ,

ရွယ်တူသမီးငယ်သားငယ်လေး​တွေ ​ဝေဒနာ​တွေခံစား​နေရတာမြင်တိုင်း စိတ်ထိခိုက်လွန်းရတယ်..

​ခေတ်သစ်​ဖောင်​ဒေးရှင်း က တာဝန်ယူခွဲစိတ်​ပေးမယ့်လူနာက​လေး​တွေရယ်, ခွဲစိတ်​ပေးပြီးသားက​လေး​တွေရယ်ကိုဒီ​နေ့အလှူ​ငွေ​ပေးရင်းသွားတွေ့ဖြစ်တယ်..

လိုတာတွေ ကိုယ်ထပ်လုပ်​ပေးနိုင်တာ​တွေကိုလည်းမြင်လာသိလာရတယ်။

ခွဲစိတ်​ပေးတဲ့ဆရာဝန်ကြီး​တွေနဲ့ICU ဆရာမတွေဟာသိပ်​လေးစား​ကျေးဇူးတင်ဖို့​ကောင်းတာပါပဲ...

ကျန်ရှိတဲ့​နေ့ရက်တိုင်း အပူ​တွေကို ​​အေးမြ​စေသူ ကူညီ​စောင့်​ရှောက်နိုင်သူဖြစ်ရပါ​စေလို့ပဲ ဘုရားမှာဆု​တောင်းရ​တော့တယ် " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Chit Thu Wai’s Facebook Account 

Photo Crd- Chit Thu Wai’s Facebook Account
Photo Crd- Chit Thu Wai’s Facebook Account
Photo Crd- Chit Thu Wai’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။