သရုပ်ဆောင် မင်းသားချော ဇေရဲထက်တော့ နှုတ်ခမ်းနီမလေးတွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားပြီး အောင်မြင်လာခဲ့သူလေး ဖြစ်ပါတယ်။ ဇေရဲထက်က ဖြူဖွေးဝင်းဥတဲ့အသားအရည်နဲ့ ချောမောခန့်ညားတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ ကိုလူချောလေးဆိုရင်လည်း မမှားပါဘူးနော်။ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေအများဆုံးရိုက်ကူးပြီး ပရိသတ်တွေကြားမှာ နေရာယူခဲ့တဲ့ ဇေရဲထက်က အခုချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေတာ ဖြစ်ပါတယ်။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဒါပေမယ့်လည်း ပရိသတ်တွေက ဇေရဲထက်ရဲ့လှုပ်ရှားမှုလေးတွေကိုစောင့်ကြည့်ရင်း ဆက်လက်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဇေရဲထက်တစ်ယောက် ခရီးတွေထွက်နေသလို အိမ်မှာပဲကိုယ်တိုင်ဟင်းတွေချက်ပြုတ်ရင်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဇေရဲထက်က ပရိသတ်အချစ်တော်မင်းသမီးကြီး စိုးမြတ်သူဇာနဲ့ အမှတ်တရပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ 

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဇေရဲထက်က စိုးမြတ်သူဇာနဲ့အတူ အိန္ဒိယဝတ်စုံလေးတွေဝတ်ပြီး ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့ ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ဇေရဲထက်နဲ့ မကြီးစိုးတို့နှစ်ယောက်က အိန္ဒိယဇာတ်ကားထဲက မင်းသားနဲ့မင်းသမီးလို ပန်းခင်းတွေကြားမှာ အိုင်တင်အပြည့်နဲ့ သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဇေရဲထက်နဲ့ စိုးမြတ်သူဇာတို့နှစ်ယောက်ရဲ့ရိုက်ကွင်းအမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Zay Ye Htet's FB Acc  

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Soe Kyi Phyu's FB Acc
Photo Credit-Zay Ye Htet's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။