လင်းအောင်ခေတ်ကတော့ တောင့်တင်းတဲ့ ကြွက်သားတွေအပြင် ဗလလည်းတောင့်တာကြောင့် မိန်းကလေးပရိသတ်တော်တော်များများက ကြွေနေရတာ ဖြစ်ပါတယ်။ ဖြူဥတဲ့ အသားရည်လေးကိုပိုင်ဆိုင်ထားတဲ့ လင်းအောင်ခေတ်က တစ်မူထူးခြားစွာ ဆွဲဆောင်မှုရှိနေတဲ့ သူလေးလည်း ဖြစ်ပါတယ်။လင်းအောင်ခေတ်ကတော့ ကိုရီးယားမင်သားလေးလို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတာကြောင့် ကောင်မလေးတွေကြွေနေရတာလည်းဖြစ်ပါတယ်။

Photo Credit : Khun Naung
Photo Credit : Khun Naung

တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်မှုရရှိလာတဲ့လင်းအောင်ခေတ်က ဇာတ်ကားတွေ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရပါတယ်။လင်းအောင်ခေတ်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ အနက်ရောင်ဖက်ရှင်လေးဝတ်ဆင်ကာ အထာကျကျ ပုံရိပ်လေးတွေနဲ့ အတူ "ကားလျှောက်စီးမယ် လိုက်မလား" ဆိုတဲ့ စာလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Khun Naung
Photo Credit : Khun Naung

ပုံလေးထဲမှာ လင်းအောင်ခေတ်တစ်ယောက်ယောင်္ကျားပီပီသသနဲ့ အရမ်းမိမိုက်နေတာကြောင့် မိန်မလှလေးတွေ ကြွေနေမှာ အမှန်ပဲဖြစ်ပါတယ်။လင်းအောင်ခေတ်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးတွက် လင်းအောင်ခေတ်ရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Khun Naung
Photo Credit : Khun Naung

Source : Lin Aung Khit Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။