ပရိသတ်ကြီးရေ......ဗီဒီယိုဇာတ်ကားခေတ်တည်းက အနုပညာလောကထဲမှာအောင်မြင်ကျော်ကြားလာခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မင်းသမီးဆုပန်ထွာကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာအခုဆိုရင် သာယာကြည်နူးစရာ အိမ်ထောင်လေးကိုတည်ထောင်ထားတာလည်းဖြစ်ပြီး ချစ်စရာကောင်းတဲ့သားငယ်လေး roar roar kyawလေးပါ ရရှိထားတာဖြစ်ပါတယ်။

Photo credit-Supan Htwar's Facebook acc
Photo credit-Supan Htwar's Facebook acc

သားလေး roar roarဟာ အရွယ်နဲ့မလိုက်အောင်ကို စကားတတ်ပြီးတော့ ဖေဖေနဲ့မေမေအပေါ်ကိုလည်း သိတတ်ပြီးချွဲတတ်တဲ့ကလေးလေးပါနော်။ ဒါ့ပြင် roar roarလေးဟာငယ်ငယ်လေးနဲ့လည်း tik tokဗီဒီယိုလေးတွေကို ချစ်စရာကောင်းအောင်ဆော့တတ်ပါသေးတယ်။ သူ့ရဲ့ချစ်စရာအမူအရာလေးတွေနဲ့ စကား‌တီတီတာတာလေးတွေကြောင့် ပရိသတ်တွေကပါ အချစ်တွေပိုနေရတာဖြစ်ပါတယ်။

Photo credit-Supan Htwar's Facebook acc
Photo credit-Supan Htwar's Facebook acc

မကြာသေးမီကလည်း roar roarလေးဟာ မေမေပန်ပန်နဲ့အတူ သီချင်းလေးဖွင့်ပြီး အမူအရာလေးတွေလိုက်လုပ်ကာ tik tokဗီဒီယိုလေးရိုက်ထားပါသေးတယ်နော်။ Roar Roarလေးရဲ့ အမူအရာလေးတွေ‌ကလည်း တစ်ကယ်ကိုလူကြီးလေးတစ်ယောက်လို အပီအပြင်လုပ်ပြနေတာဖြစ်ပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ဆုပန်ထွာတို့သားအမိနှစ်ယောက်ရဲ့ဗီဒီယိုလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Supan Htwar's Facebook acc
Photo credit-Supan Htwar's Facebook acc

Source-Supan Htwar's Tik Tok acc

Photo credit-Supan Htwar's Facebook acc

Video Credit-Supan Htwar's Tik Tok acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။