စာဖတ်သူ အားလုံးလဲ " Mobile Legends Magic Chess ထဲက Faction တွေရဲ့ Effect များ " ဆိုတဲ့ ခေါင်းစဉ်ရဲ့ Part 1 နဲ့ 2 မှာဆိုရင် စုစုပေါင်း Faction 6 ခုကို ဖော်ပြထားပြီးပြီဖြစ်ပါတယ်။ ဒါကြောင့်ပဲခုချိန်မှာတော့ နောက်ဆုံးကျန်သေးတဲ့ Faction ၄ ခုရဲ့ Effect ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။  

Northern Vale

Northern Vale ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Northern Vale Hero အနည်းဆုံး နဲ့ အများဆုံး ၃ယောက် လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Battle စတဲ့အခါမှာ Northern Vale Hero တွေဟာ Mana အပြည့်ဖြစ်နေမှာဖြစ်ပါတယ်။ 

Abyss

Abyss ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Abyss Hero အနည်းဆုံး ၂ ယောက်ကနေ အများဆုံး ၄ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Abyss Hero ၂ယောက်ဆိုလျှင် ရန်သူ Hero တွေရဲ့ Physical Defense ကို ၃၅% လျော့ချပေးပြီး Abyss Hero ၄ ယောက်ဆိုရင်တော့ Physical Defense ၁၀၀% လျော့ချပေးပါတယ်။

Celestial

Celestial ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Celestial Hero အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Celestial Hero ၃ ယောက်ဆိုလျှင် Celestial Hero တွေကို Attack Speed ၃၅% တိုးစေပါတယ်။ ၆ ယောက်ဆိုရင်တော့ Celestial Hero တွေကို Attack Speed ၆၅% တိုးစေပြီး ကျန်တဲ့ Hero တွေကို ၃၀% တိုးပေးပါတယ်။ 

Empire

Empire ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Empire Hero အနည်းဆုံး ၂ ယောက်ကနေ အများဆုံး ၆ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Empire Hero ၂ ယောက်ဆိုရင် သူတို့ရဲ့ Basic Attack ဟာ ရန်သူ Hero တွေရဲ့ Mana ကို ၆ ခုလျော့ချပေးပြီး သူတို့ကိုယ်တိုင်ကျ ၂ ခုရပါတယ်။ ၄ ယောက်ဆိုရင် သူတို့ရဲ့ Basic Attack ဟာ ရန်သူ Hero တွေရဲ့ Mana ကို ၁၄ ခုလျော့ချပေးပြီး သူတို့ကိုယ်တိုင်ကျ ၃ ခုရပါတယ်။ ၆ ယောက်ဆိုရင် သူတို့ရဲ့ Basic Attack ဟာ ရန်သူ Hero တွေရဲ့ Mana ကို ၂၄ ခုလျော့ချပေးပြီး သူတို့ကိုယ်တိုင်ကျ ၄ ခုရပါတယ်။ 

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။