အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင်

ဖွင့်လှစ်ထားသော 199 Call Center မှ ဒဂုံမြို့မရဲစခန်းသို့ သတင်းချပြခဲ့ပြီး

ရှင်းလင်းဆောင်ရွက်စေခဲ့ရာ ယင်းနေ့ ည ၉နာရီ ၂၀ မိနစ်ခန့်အချိန်တွင်

ဒဂုံမြို့မရဲစခန်းမှ လှည့်ကင်းမီတန်းယာဉ်တာဝန်ကျ ရဲအုပ် ပီတာအောင်ပါ

တပ်ဖွဲ့ဝင်များက သတင်းပါနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ

တက္ကစီအငှားယာဉ်ကို မတွေ့ရှိရဘဲ ယာဉ်အမှတ် 4C---- SOLUNA

VIOS ငွေမင်ရောင်ကားနှင့်အတူ အရက်သေစာသောက်စားကာဆူပူ

ရမ်းကားနေသူ စိုးလှိုင်ရှိန်(ခ)ထူးအယ်လင်း၊ (၄၈)နှစ်နှင့် နေလင်သင်း

(ခ)ကော်ဘရာ၊ (၃၅)နှစ်တို့နှစ်ဦးတွေ့ရှိရသဖြင့်

၎င်းတို့ စီးနင်းအသုံးပြု

သော 4C---- SOLUNA VIOS ငွေမင်ရောင်မော်တော်ယာဉ်အား

စစ်ဆေးရာ ယာဉ်၏ရှေ့ခန်း ထိုင်ခုံနှစ်ခုကြား၌ ရွှေအိုရောင် လက်ကိုင်ရိုး

တွင် အနက်ရောင်ရာဘာရိုးစွပ်လျက် အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်း

တစ်လက်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအားထိန်းသိမ်း

ကာ ဒဂုံမြို့မရဲစခန်းသို့ ခေါ်ယူစစ်မေးခဲ့ပြီး ဒဂုံမြို့မရဲစခန်း(ပ)၁၀၃/၂၀၁၇၊

ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့

ပါသည်။

ပြစ်မှုကျူးလွန်သူနှစ်ဦးအား အရေးယူထားသည့် ရန်ကုန်ရဲအက်ဥပဒေ

ပုဒ်မ-၃၀၊ ပိုဒ်ခွဲ(က)ပါ ပြဌာန်းချက််မှာ- ဘေးအန္တရာယ်ဖြစ်စေနိုင်သော

(သို့မဟုတ်)ပြစ်မှုကျူးလွန်ရန်အသုံးပြုနိုင်သော လက်နက်တစ်စုံတစ်ရာ

နှင့်တွေ့ရှိ၍ မေးမြန်းရာတွင် ထိုသို့သော လက်နက်တို့ကိုမည်သည့်

အကြောင်းကြောင့် ကိုင်ဆောင်သယ်ယူ လာရကြောင်း ကျေနပ်လက်ခံ

နိုင်လောက်သော အကြောင်းမပြ၊ မပြောနိုင်သူဟု ပြဌာန်းထားပြီး

မည်သည့်ရဲ အရာရှိကမဆို ဝရမ်းမပါဘဲဖမ်းဆီးနိုင်ကာ ပြစ်ဒဏ် (၃)လ

အထိချမှတ်နိုင်ပါသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် Taxi အငှားယာဉ်မှာ အခင်းဖြစ်နေရာတွင်မ

တွေ့ရှိရဘဲ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရဲစခန်းသို့တိုင်ကြားခဲ့ခြင်းမရှိသေး

သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် ရမ်းကားသူအဆိုတော်နှစ်ဦးအား

ဒဂုံမြို့မရဲစခန်းတွင်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း

အသိပေးဖော်ပြအပ်ပါသည်လို့ Yangon Police Page မှာ ရေးသားထားတာ တွေ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။