သီချင်းကောင်းတွေနဲ့အတူ မြန်မာပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့သူကတော့ အဆိုတော် ရဲလေးပဲဖြစ်ပါတယ်။ တေးသီချင်းများစွာထွက်ရှိခဲ့ပြီး ပရိသတ်အားပေးထောက်ခံမှုရရှိခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်သလို နာမည်ကျော် မင်းသားတွေဖွဲ့စည်းထားတဲ့ "နှင်းဆီ" အငြိမ့်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ခပ်စိတ်စိတ်ပြန်လုပ်လာတဲ့ ရဲလေးတစ်ယောက် သူ့ရဲ့ကြော်ငြာအသစ်ကို လူမှုကွန်ယက်ကတဆင့် ပရိသတ်တွေဆီ ယခုလိုပဲ မျှဝေထားတာ တွေ့ရပါတယ်။

"2017 ထဲမှာပထမဆုံးရိုက်တဲ့

ကြော်ငြာလေးပါ

ဓါတ်ပုံတွေအကောင်းဆုံးရွေးချယ်ပြီးကျွန်တော်ကို ယုံကြည်စွာနဲ ့ ့လက်တွဲလုပ်ကိုင်ပေးတဲ ့X Men Shampoo & Roll On မှတာဝန်ရှိလူကြီးမင်းများနဲ ့

အလှဆုံးရိုက်ကူးပေးတဲ ့ ့Photographer HAK ဟက်ကြီး အားလုံးကို ကျေးဇူးပင်လယ်ပါဗျာ

#Yelay

#X_MEN

#Thankz" လို့ ရေးပြီးတင်ထားပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ အနုပညာညီအကိုတွေဖြစ်တဲ့ နှင်းဆီအဖွဲ့နဲ့အတူရိုက်ကူးမယ့် "Rose Rider" ဇာတ်ကားကြီးအတွက် ပြင်ဆင်မှုတွေပြုလုပ်နေကြောင်း သူ့ရဲ့လူမှုကွန်ယက်သတင်းများအရ သိရပါတယ် ပရိသတ်ကြီးရေ.......

Source: Ye Tun Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။