အဆိုတော် ထက်ယံကတော့ သူချစ်တဲ့ မိန်းကလေးအတွက် ကြည်နူးစရာ အမှတ်တရတစ်ခုကိုလုပ်ပေးလိုက်ပါတယ် ။

ချစ်သူဘာသာဘာဝ ရုပ်ရှင်အတူကြည့်ဖို့ သူ့ချစ်သူကောင်မလေး ကြည့်ချင်တဲ့ဇာတ်ကားတွေကလက်မှတ်မရတတ်တာမို့

တစ်ရုံလုံးစာလက်မှတ်တွေ အကုန်ဝယ်ပြီး ချစ်သူနဲ့ နှစ်ယောက်ထဲ သွားကြည့်ခဲ့တာပါတဲ့ ။

ထိုအကြောင်းကို ထက်ယံရဲ့ ချစ်သူက ဖေ့ဘွတ်မှာ

" အမြဲတမ်းသူကြည့်ချင်တဲ့ကားပဲကြည့်တယ် ကိုယ်ကြည့်ချင်တဲ့ကားဆိုလက်မှတ်ကအမြဲမရတတ်လို့ ဒီတခါတော့တရုံလုံးကလက်မှတ်တွေအကုန်လုံးကိုဝယ်ထားပီး လက်မှတ်က၂စောင်ပဲကျန်တော့တာဆိုပီးလိမ်ခေါ်လာတာ ငတုံးမကလဲအထဲရောက်လို့တယောက်မှမတွေ့မှသိတော့တယ် ဆိုးနေတဲ့စိတ်ကလေးတောင်ဘယ်လွှင့်သွားမှန်းမသိတော့❤️ "
လို့ရေးသားပြီး ပျော်ရွှင်မှုတွေ မျှဝေပေးလိုက်ပါတယ် ... ချစ်တတ်လိုက်တာ ... အားကျစရာကြီးနော် ...  

သတင်းအရင်းမြစ် Pa Pa Htet Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။