ချစ်ပရိသတ်ကြီးရေ ဘုရားဟော ဓမ္မာစင်္ကြာအခါတော်နေ့ဖြစ်တဲ့ ဝါဆိုလပြည့်နေ့လေးမှာ သရုပ်ဆောင် မင်းသားကြီး ဦးခင်လှိုင်တို့ မိသားစုကတော့ မွန်မြတ်တဲ့ အလှူဒါနတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါပြီနော်။ ကပ်ရောဂါကြောင့် ရပ်နားထားတဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ခင်လှိုင်က မိသားစုကိုလည်း အချိန်ပေးကာ ပျော်ရွှင်နေသူပါ။ ယနေ့မှာတော့ ခင်လှိုင်က ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ သွားရောက်ပြီး စုပေါင်းအလှူလေးကို ပြုလုပ်ဖြစ်တဲ့ အကြောင်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပါနော်။ 

Photo credit- Khin Hlaing's FB account
Photo credit- Khin Hlaing's FB account
Photo credit- Khin Hlaing's FB account

ခင်လှိုင်က အလှူပြုနေတဲ့ ကြည်နူးစရာပုံလေးတွေကို တင်ပေးလာခဲ့ပြီး " ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ ကျွန်တော်တို့မိသားစုနှင့်ချစ်မိတ်ဆွေ ၇ ရက်သားသမီး ပရိသတ်များစုပေါင်းလှူဒါန်းထားခဲ့သောအလှူတော်များကိုမနေ့က ဝါဆိုလပြည့်နေ့ထူးနေ့မြတ်ကြီးမှာရေစက်သွန်းချပြီးအောင်မြင်စွာလှူဒါန်းခဲ့ပါပြီခင်ဗျာ ဦးသိန်းထွန်းအောင်+ဒေါ်မိုးမိုး ရွှေပင်ဆင့် ဆောက်လုပ်ရေးမိသားစုတည်ထားကိုးကွယ်တော်မူသော မိဘကျေးဇူးဆပ်ရွှေကံဆင့် စေတီတော်မှာရင်ပြင်တော်အပြည့်နေပူခံကျောက်ပြားကို ၇ ရက်သားသမီးပရိသတ်များကိုရည်စူးပြီးကျွန်တော်တို့မိသားစုမှလှူဒါန်းခဲ့ပါတယ်ခင်ဗျာ ။ 

Photo credit- Khin Hlaing's FB account
Photo credit- Khin Hlaing's FB account
Photo credit- Khin Hlaing's FB account

ပြင်ဦးလွင်မြို့ အင်းထိပ်ဦး ကျေးရွာမှာ ၇ ရက်သားသမီးများလှူဒါန်းတည်ထားကိုးကွယ်တော်မူသော ဝတ်ကြွေးတော်ပြေ ကံကော်တစ်ထောင်ဘုရားမှာ ဓမ္မမိတ်ဆွေအပေါင်းအေးချမ်းစွာဖူးမျှော်နိုင်စေရန်အတွက် နေပူခံကျောက်ပြားများကိုလမ်းခင်းပြီးလှူဒါန်းခဲ့ပါတယ်ခင်ဗျာ ကျွန်တော်တို့မိသားစုပြုသောကောင်းမှူများကို ၇ရက်သားသမီးချစ်မိတ်ဆွေအပေါင်းတို့အားအမျှပေးဝေပါတယ် ကောင်းမှု့ကုသိုလ်အားအညီအမျှရကြပါစေခင်ဗျာ " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit- Khin Hlaing's FB account
Photo credit- Khin Hlaing's FB account
Photo credit- Khin Hlaing's FB account
Photo credit- Khin Hlaing's FB account
Photo credit- Khin Hlaing's FB account

Photo credit- Khin Hlaing's FB account

Source- Khin Hlaing's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။