အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ သမီးရည်းစားဘဝရဲ့ ဖြတ်သန်းလာပုံနဲ့ သက်ဆိုင်နေပါတယ်။ နားလည်မှု ၊ယုံကြည်မှု သစ္စာရှိမှုတွေနဲ့ တည်ဆောက်ထားတဲ့ အချစ်ရေးပိုင်ဆိုင်ထားတဲ့သူတွေအတွက်တော့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပါ ပိုင်ဆိုင်ရမှာပါ။ ချစ်သူရည်းစား လင်မယားတွေ သင်တို့ရဲ့အချစ်ရေးအိမ်ထောင်ရေးတွေ ရေရှည်ခိုင်မြဲချင်ရင်တော့ ဒီအချက်တွေ သိထားမယ်ဆိုရင် ဆောင်ရန် ရှောင်ရန် လုပ်လို့ရတာပေါ့။

၁။ ဘယ်အရာကိုမှ ကွယ်ဝှက်မထားပါနဲ့

စိတ်ချယုံကြည်မှုဆိုတာ တစ်ဦးနဲ့တစ်ဦး လက်တွဲခိုင်မြဲဖို့ အရေးကြီးဆုံး အုတ်မြစ်ပါပဲ။ အရေးကြီး အကြောင်းအရာလေးတွေရှိလာရင် တစ်ဦးနဲ့တစ်ဦး အမြဲတိုင်ပင်ပြောကြားတတ်တာ၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်စိတ်ချတယ်ဆိုတာ စစ်မှန်တဲ့ ဆက်ဆံရေး တစ်ခုကို ပြသခြင်းပါ။

၂။ စပ်စုခြင်း

လူတစ်ဦးနဲ့တစ်ဦး ယုံကြည် စိတ်ချလိုက်ပြီ ဆိုတာနဲ့ တစ်ဦးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလေးထားရပါမယ်။ ကိုယ့်စည်း သူ့စည်း လေးစားရပါမယ်။ ကိုယ့်ချစ်သူ၊ ဇနီး၊ ခင်ပွန်းမရှိတဲ့အချိန် ဖုန်းကိုယူပြီး ဘယ်သူဆီ ခေါ်ထားလည်း စစ်ဆေးတာ၊ သူ့အီးမေးကို ဖောက်ဖတ်တာ၊ သူ့ facebook အကောင့်ကို အသုံးပြုတာတွေကို ရှောင်ကြဉ်ရပါ့မယ်။ ကိုယ်မသိတဲ့ သူ့အကြောင်းဆိုတာ မရှိတဲ့အတွက် ဒီလို အပြုအမူတွေလုပ်ခြင်းကို ရှောင်ခြင်းအားဖြင့် ကိုယ့်ရဲ့သူ့အပေါ် ယုံကြည်မှုကို ပြသပါ။

၃။ နှစ်ဦးသား ဆက်ဆံရေးအတွက် ဂုဏ်ယူပါ

နှစ်ဦးသား ချစ်မိနေကြပြီဆိုတဲ့ ဒီဆက်ဆံရေးအတွက် ဂုဏ်ယူပါ။ တစ်ခြားသူတွေ မသိအောင်ဆိုပြီး သိုသိပ်မထားပါနဲ့။ မိသားစု၊ သူငယ်ချင်းတွေကြားမှာ နှစ်ဦးသား ဆက်ဆံရေး ကို သိပါစေ။

၄။ ညီမျှမှု

နှစ်ဦးသားဆက်ဆံရေးမှာ ဘယ်သူက ဘယ်သူထက်သာတယ်ဆိုတဲ့ ပါ၀ါအာဏာ လွန်ဆွဲမှုတွေ မရှိပါစေနဲ့။ အိမ်မှုကိစ္စမှာရော၊ ငွေကြေးရှာဖွေမှု နှစ်မျိုးစလုံးမှာပါ ဒီလွန်ဆွဲမှုတွေ မရှိပါစေနဲ့။

၅။ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှု

စာဖတ်သူနဲ့ ချစ်သူ နှစ်ယောက်စလုံးဟာ ကိုယ့်အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နေသူတွေပါ။ တစ်ဦးနဲ့တစ်ဦးရဲ့ အောင်မြင်မှုကို မနာလိုဝန်တို မရှိပါစေနဲ့။ အောင်မြင်ချိန်မှာ အတူတူမျှဝေ

ပျော်ရွှင်ပြီး ကျဆုံးချိန်မှာလည်း ဖေးမပေးပါ။

၆။ နှစ်ဦးသား ဆက်ဆံရေးကို ရှေ့တန်းတင်ပါ။

နှစ်ဦးသား ဆက်ဆံရေးကြားမှာ မည်သူကိုမျှ မဝင်လာပါစေနဲ့။ သူနဲ့ကိုယ်သာ ရှိပါစေ။ မည်သည့် အကြောင်းအရာတွေ ပေါ်ပေါက်လာပါစေ။ တတိယလူ မပါဝင်စေဘဲ နှစ်ဦးသား ဆွေးနွေးပြောဆိုပါ။ ဒါ့အပြင် ဘယ်အကြောင်းအရာပဲ ဖြစ်ပါစေ နှစ်ဦးသား ဆက်ဆံရေးကို ဦးစားပေးပါ။

၇။ ခံစားချက်ကို မျိုသိပ်ခြင်း

နှစ်ဦးသား ဆက်ဆံရေးမှာ ရှောင်လွဲလို့ မရတဲ့ ကိစ္စတွေ ရှိပါစေ၊ ကွဲပြားမှုတွေ ပေါ်ပေါက်လာ ရင်တောင်မှ ဒါတွေကို မဖြေရှင်းပဲဘာမှ မဖြစ်သလို မထားပါနဲ့။ ဒီအစား နှစ်ဦးသားဖြစ်နိုင်သမျှ မြန်မြန် မကြေလည်မှုတွေကို ပြောဆိုခြင်းအားဖြင့် အချိန်နဲ့အမျှ ကြီးထွားလာနိုင်တဲ့ စိတ်ဒေါသကို ကာကွယ်ရာ ရောက်ပါတယ်။

၈။ အများသူငှာ ရှေ့တွင် အငြင်းပွားခြင်း

အများသူငှာ သူစိမ်းတွေရှေ့မှာ ဘယ်တော့မှ မငြင်းခုန်ပါနဲ့။ ဘယ်လိို အကြောင်းအရာပဲ ဖြစ်ပါစေ သီးခြားနေရာတစ်ခုမှာ ကိစ္စကို အေးအေးချမ်း ချမ်း ဖြေရှင်းရမယ်ဆိုတာကို နားလည်ပါ။ အများရှေ့မှာ သူ့သိက္ခာ ကိုယ့်သိက္ခာ မငဲ့ကွက်ရလောက် အောင်ထိမဖြစ်အောင် တစ်ဦးကို တစ်ဦး လေးစားပါ။

၉။ မှီခိုအားထားမှု

အဆိပ်အတောက်ဖြစ်စေတဲ့ မှီခိုအားထားမှု မျိုး မဖြစ်ပါစေနဲ့။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်၊ အကူအညီအထောက်အပံ့ လိုအပ်တဲ့အခါ အရာအားလုံးကို သူဖြေရှင်းပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး တစ်ဦးနဲ့တစ်ဦး မထားမိပါစေနဲ့။

အဲဒီအစား ကိုယ်လိုအပ်တဲ့အချိန် ချစ်သူဆီကရတဲ့ အတိုင်းအတာ တစ်ခုထိသော အထောက်အပံ့အတွက် တန်ဖိုးထားကြောင်း အလေးထားဖော်ပြပါ။

၁၀။ လိုအပ်မှု

နှစ်ဦးသား ဆက်ဆံရေးမှာ တစ်ဦးမရှိရင် တစ်ဦး မနေတတ်သလိုမျိုး လိုအပ်နေတာ၊ တွယ်ကပ်နေရတာကို ရှောင်ရှားပါ။ တစ်ဦးရဲ့ အဖော်ပြုမှုကို တစ်ဦးကို တမ်းတမိသည်အထိ အချိန်တစ်ခုသော လစ်ဟာမှုလေးတစ်ခုပေးတာဟာ ပိုကောင်းပါတယ်။

၁၁။ မိမိကိုယ်ကို ဆုံးရှုံးခြင်း

တစ်ဦးနဲ့ တစ်ဦး ချစ်နေရတာဟာ ကိုယ့်ဘဝအတွက် အရေးအကြီးဆုံးသော အကြောင်းအရာတစ်ရပ်ဆိုတာ မှန်ပေမယ့် စာဖတ်သူနဲ့ ချစ်ရတဲ့သူအတွက် ဒါဟာ ဘဝကြီးတစ်ခုတော့ မဖြစ်ပါစေနဲ့... နှစ်ဦးသား မချစ်ကြိုက်ခင်ကလိုမျိုး ကိုယ့်အလုပ်ကို လုပ်မြဲ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ၀ိုင်းဖွဲ့နေဆဲပဲ ဖြစ်သင့်ပါတယ်။ နှစ်ဦးသား ဆက်ဆံရေးဟာ မိမိဘဝကို ပေါင်းစည်းခြင်းပဲဖြစ်သင့်ပြီး ဘဝကြီးတစ်ခုလုံးစာ ရှင်သန်နေထိုင်ရတဲ့ အကြောင်းအရင်း မဖြစ်သင့်ပါဘူး။

၁၂။ အာရုံစိုက်မှုကို ရှာဖွေခြင်း

ချစ်သူရည်းစားတွေဟာ ကိုယ့်ချစ်သူရဲ့ အာရုံစိုက်ခံရမှုကိုရအောင်၊ သဝန်တိုမှုကိုရအောင် အမြဲလိုလို ပြုလုပ်တတ်ကြပါတယ်။ နှစ်ဦးသား ဆက်ဆံရေးမှာ အငို၊ အလွမ်း၊ အကြမ်းတွေဖြစ်လာအောင် ဖန်တီးပြဖို့ မလိုပါဘူး။ ဘာကြောင့် လည်းဆိုတော့ တစ်ဦးနဲ့တစ်ဦးလုံလောက်တဲ့ အာရုံစိုက်မှုကို ပေးပြီးသားဆိုတာကို နားလည်ပါ။

၁၃။ အလေးထားမှု

ချစ်သူနှစ်ဦး တစ်ဦးကိုတစ်ဦး အလေးထားရမှာဖြစ်သလို နီးစပ်တဲ့သူတွေကိုလည်း အလေးထားရပါမယ်။ တစ်ဖက်မိသားစုကို တစ်ဖက်က လေးစားရမှာဖြစ်သလို သူ့အသိုင်းအဝိုင်း မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း အလေးထားရပါမယ်။

၁၄။ အားကျမှု

လောကအတွက် လူတော်လူကောင်း တစ်ယောက်ဖြစ်အောင်၊ တစ်ဦးနဲ့တစ်ဦး အထောက်အပံ့ကောင်းသူတွေဖြစ်အောင် ကြိုးစားရင်းနဲ့ တစ်ဦးကိုတစ်ဦး အလေးထားအားကျသူတွေ ဖြစ်အောင်နေပါ။ ကိုယ့်ချစ်သူကြောင့် မိမိကိုယ်ကို ယုံကြည်မှုတွေ တိုးလာသူဖြစ်အောင် ပြုလုပ်ပါ။

၁၅။ လက်ခံခြင်း

ကိုယ့်ချစ်သူရဲ့ ပြစ်ချက်လေးတွေကို လက်ခံပေးရပါမယ်။ ကိုယ်ဖြစ်ချင်တဲ့ “ပြီးပြည့်စုံမှု” ဆိုတဲ့ ပုံဆန်ခွက်ထဲရောက်အောင် သွင်းလောင်းဖို့ မကြိုးစားပါနဲ့။ အဲဒီအစား သူ့ရဲ့အပြစ်အနာအဆာ အားနည်းချက်လေးတွေ ပါဝင်နေတဲ့ သူကိုချစ်တာ ဆိုတာကို အသိအမှတ်ပြုပါ။ ဒါ့အပြင် မတူညီတဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း အလေးထာပါးပါ။ လက်ခံပါ။

၁၆။ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှု

အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုတွေကို ကွယ်ပျောက်မသွားပါစေနဲ့။ လူဆိုတာ အလေ့အထနဲ့ ရှင်သန်နေတဲ့ သူဖြစ်ပေမယ့် အလေ့အထတွေဟာ ရိုးအီသွားတတ်ကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ နှစ်သက်မှု၊ မနှစ်သက်မှု၊ စိတ်ကူး

ယဉ်ကမ္ဘာထဲက ဖြစ်ချင်တာတွေကို ပြောရင်းနဲ့ အိပ်ယာထက်မှာ အသစ်အသစ်သော ရုပ်ပိုင်းဆိုင်ရာ ရင်းနီီှးမှုတွေ ရှာဖွေပါ။

၁၇။ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု

ချစ်သူ ဝမ်းနဲတဲ့အခါ ငိုဖို့ ကိုယ့်ပခုံးတွေ အမြဲအသင့်ရှိနေပါစေ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာရော၊ နှစ်ဦးသား ဆက်ဆံရေးအရရော စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရရှိဖို့အတွက် မငြင်းဆန်ပါနဲ့။ နောက်ဆုံးမှာတော့ ကိုယ်ဟာ သူ့အတွက် အမြဲ နားခိုရာဖြစ်ပြီး သူဟာ ကိုယ့်အတွက် အမြဲအားထားရာ ဖြစ်နေပါစေ။

၁၈။ ဝေးကွာမှု

ကိုယ့်ကိုကိုယ် ဝေဖန်စမ်းစစ်မှုတွေ လုပ်နိုင်ဖို့၊ တစ်ခါတစ်ရံ ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ အချိန်တွေကို တစ်ယောက်တည်း ကုန်ဆုံးဖို့ လိုအပ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးနဲ့တစ်ဦး ခဏခွဲခွာရတာကို စိတ်ထဲမှာ အနှောင့်အယှက် မဖြစ်ပါနဲ့။ နေ့စဉ်နှင့်အမျှ ရှုပ်ထွေးနေရတဲ့ ဦးနှောက်ကို ရှင်းလင်းဖို့ လိုအပ်သလို နှစ်ဦးသား ဆက်ဆံရေးအတွက်လည်း အမှန်တကယ် ပိုကောင်းပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူက တစ်ယောက်တည်း နေပါရစေလို့ ပြောလာတဲ့အခါ ပုဂ္ဂိုလ်ရေးအရ အစော်ကားခံလိုက်ရတယ်လို မယူဆပါနဲ့။ ဒီလို နေထိုင်လိုခြင်းဟာ ကိုယ့်ကြောင်း မဟုတ်မှန်း နားလည်ပေးပါ။

၁၉။ ရန်ဖြစ်ခြင်း

အချိန်နဲ့အမျှ စိတ်တူကိုယ်တူဖြစ်နေမှာ မဟုတ်တဲ့အတွက် ချစ်သူနှစ်ဦးကြား ရန်ဖြစ်ခြင်းဆိုတာ တည်ရှိနေမှာပါ။ ဒါပေမယ့် ဘယ်လိုကိစ္စရပ်ပဲ ဖြစ်နေပါစေ အကျဉ်းတန်အရုပ်ဆိုးအောင်တော့ မဖြစ်ပါစေနဲ့။ နှစ်ဦးသား စိတ်ဒဏ်ရာ မရရှိစေဘဲ အငြင်းအခုန်တွေကို တတ်နိုင်သမျှ ဖြေရှင်းပါ။

၂၀။ အချိန်ပေးပါ

တစ်ဦးနဲ့တစ်ဦးအတွက် အမြဲ အချိန်ပေးရပါမယ်။ ကိုယ်ဂရုစိုက်တဲ့သူတွေအတွက်၊ ကိုယ့်ချစ်သူအတွက် အချိန်သီးသန့်ချန်ထားတယ်ဆိုတဲ့ သက်သေပြမှုကို အမြဲပြပါ။ အရမ်းအလုပ်ရှုပ်နေရင်တောင်မှ အနည်းဆုံးစကားလေးပြောပြီး အချိန်ပေးလိုက်ပါ။

၂၁။ အနာဂတ်

ချစ်သူနဲ့ ကိုယ့်ကြား အနာဂတ်အကြောင်း မကြာခဏဆိုသလို ပြောဖြစ်မယ်။ အနာဂတ်မှာ ပျော်ရွှင်မှုတွေ တောက်ပမှုတွေနဲ့ ထပ်ဟပ်ပါစေ။ နှစ်ဦးသားလက်မထပ်ဖြစ်သေးဘူးဆိုရင်တောင် ဒီအနာဂတ်မှာ နှစ်ဦးသားအတူတကွ ရှိနေပါစေ။

၂၂။ ဂရုစိုက်မှု

ဂရုစိုက်မှုဆိုတာ စကားကြီး၊ စကားကျယ်တွေပြောမှ၊ အထင်ကြီးစဖွယ် ဟိတ်ဟန်တွေနဲ့ ဖော်ပြဖို့ မလိုပါဘူး။ နံနက်ခင်းမှာ ကိုယ့်ချစ်သူအတွက် ကော်ဖီဖျော်ပေးထားတာဟာ ဂရုစိုက်မှုပါ။ ချစ်သူ နေမကောင်း ဖြစ်နေတဲ့အချိန် အိမ်အလုပ်တွေ အကုန်လုံး လုပ်ပေးတာဟာ ဂရုစိုက်မှုပါ။ အလုပ်အကူးအပြောင်းမှာ ငွေရေးကြေးရေး ခြိုးြ ခံသုံးစွဲတာဟာ ဂရုစိုက်လို့ပါ။

၂၃။ လက်ဆောင်ပေးခြင်း

တစ်ဦးနဲ့တစ်ဦး လက်ဆောင်ပေးခြင်း အလေ့အထကို ပျိုးထောင်ပါ။ လက်ဆောင်ဟာ စျေးကြီးဖို့ မလိုအပ်ပါဘူး။ လက်ဆောင်ပေးခြင်း အဓိပ္ပါယ်ဆိုတာ သူဟာ ကိုယ့်ရင်မှာ အမြဲရှိတယ်ဆိုတာကို ဖော်ပြခြင်းပါ။ နေရာဒေသတစ်ခုကို သွားရတယ်ဆိုရင်တောင် သူ့အတွက် ဒေသထွက် လက်ဆောင်လေးဝယ်ပေးပါ။ ဘယ်ခရီးကိုသွားတုန်းက သူ့အတွက် ဝယ်လာတဲ့ဆိုတဲ့ ချိုမြိန်တဲ့ အမှတ်တရတွေ ဖြစ်နေပါစေ။

၂၄။ လူမှုရေး

ချစ်သူနဲ့ ကိုယ့်ကြား သီးခြားစီသော လူမှု အသိုင်းအဝိုင်း တည်ရှိနေတဲ့ဆိုတာကို နားလည်ရပါမယ်။ ကိုယ့်သူငယ်ချင်း၊ မိသားစုနားမှာ ကိုယ်နဲ့အတူ ချစ်သူအမြဲရှိမနေနိုင်သလို ကိုယ်ကလည်း သူ့မိသားစု သူငယ်ချင်းနားမှာ သူနဲ့အတူ ရှိမနေ

နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်သူ မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့ တစ်ခါတစ်ရံရှိနေတတ်တာကို စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့။

၂၅။ ထည့်သွင်းခြင်း

ဘဝအတွက် ရေးဆွဲထားတဲ့ စီမံကိန်းတွေ အားလုံးမှာ တစ်ဦးနဲ့တစ်ဦး ထည့်သွင်းထားပါ။ ကိုယ်အပြေး လေ့ကျင်မယ်ဆိုရင်တောင်မှာ သူကိုယ်နဲ့ လိုက်ပြေးမလားလို့ မေးသလို သူဟာ ကိုယ့်ဘဝစီမံကိန်းတွေထဲမှာ အမြဲပါဝင်နေတယ်ဆိုတာ သိပါစေ။

၂၆။ စွန့်လွှတ်ခြင်း

လူသားနှစ်ဦး ထပ်တူညီနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ကွဲပြားမှုတွေ ပေါ်ပေါက်ကြ၊ နှစ်ဦး သား ဆက်ဆံရေးမှာ ကတောက်ကဆ ဖြစ်ကြရပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ချစ်သူဟာ ကိုယ်နဲ့ ကိုက်ညီနိုင်ဖို့ စွန့်

လွှတ်ပေးဆပ်မှုတွေကို ပြုလုပ်တတ်အောင် လေ့လာရပါမယ်။ တစ်ဦးနဲ့တစ်ဦး တွဲဖက်ညီနိုင်ဖို့ နှစ်ဖက်စလုံးက စွန့်လွှတ်မှု အချို့ပြုလုပ်မှ ပြီးပြည့်စုံတဲ့ ဆက်ဆံရေးကို ရရှိမှာပါ။

၂၇။ ပြီးခဲ့တာတွေ ပြီးပါစေ

လူသားဖြစ်နေတဲ့ လူတွေမှာ ပြစ်ချက်ဆိုတာ ရှိကြစမြဲဆိုတာ ရင်ဆိုင်လိုက်ရအောင်ပါ။ အချိန်အများစုမှာ ချစ်သူကို နာကျင်ဖို့ မရည်ရွယ်မိပေမယ့် ပြောမိတဲ့စကားလုံးတွေက ရည်ညွှန်း သလို ဖြစ်သွားခဲ့ရင်လည်း ဒါကို ဘွတေး ပြန်လုပ်

လို့ မရတော့ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်ခြင်းနဲ့ ပြီးခဲ့တာတွေကို ပြီးသွာပြီဖြစ်တဲ့အတိုင်း အတိတ်မှာထားရှိခဲ့ခြင်းဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးမှာ အရေးကြီးဆုံးသော ညွှန်ကိန်းတစ်ခုပါပဲ။

၂၈။ ကတိကဝတ်တွေကို မကြောက်ပါနဲ့

ကောင်းမွန်တဲ့ ဆက်ဆံရေးတွေမှာ “မုချဖြစ်မှု” ဆိုတာ အခြေခံအုပ်မြစ်ပါ။ မိမိနဲ့ အိမ်ထောင်ဖက်ကြား တစ်ဦးနဲ့တစ်ဦး ကတိကဝတ်တွေ ပေးရတာ မကြောက်ပါနဲ့။ စိတ်ဖိစီးမှုများရတဲ့ လောကကြီးမှာ သေချာမြဲမြဲမှုအတွက် ကျောက်ဆူးကြိုး

တစ်ခု လိုအပ်သလို ခိုင်မြဲတဲ့ ကတိကဝတ်တွေကလည်း နှစ်ဦးသား ဆက်ဆံရေးအတွက် လိုအပ်ပါတယ်။ 

သတင်းအရင်းမြစ် Myanmar people magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။