အနုပညာလောကမှာ ဆယ်စုနှစ်တွေတိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆုပန်ထွာပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပီပြင်တဲ့ Acting တွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ဇာတ်ကားတိုင်းကို အားပေးရန် အမြဲစောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Supan Htwar’s Facebook Account
Photo Crd- Supan Htwar’s Facebook Account
Photo Crd- Supan Htwar’s Facebook Account

ပန်ပန်ဟာ ချစ်ရတဲ့ သား ၊ ခင်ပွန်းနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကိုသာမကဘဲ သားလေး Roar Roar လေးကိုပါ ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ပွန်းဖြစ်သူကိုလည်း အစစအရာရာ ဂရုစိုက်ချစ်ခင်တာကြောင့်လည်း အားလုံးက အားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Okkar Kyaw’s Facebook Account
Photo Crd- Okkar Kyaw’s Facebook Account
Photo Crd- Okkar Kyaw’s Facebook Account

မနေ့ညကလည်း ပန်ပန်ရဲ့ ခင်ပွန်း ကိုဥက္ကာကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်ဇနီးနဲ့သားလေးရဲ့ Birthday Surprise ကြောင့် ဝမ်းသာကြည်နူးဖြစ်ခဲ့ရတဲ့ ဆုပန်ထွာခင်ပွန်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ "သူတို့သားအမိရဲ့ Surprise Birthday Party လေး...

ချစ်လိုက်တာ မားမားနဲ့ ကိုကို Roar Roar ရေ...

Thank you! " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Okkar Kyaw’s Facebook account and Supan Htwar’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။