photo credit - DreamHacek Counter-Strike twitter account

DreamHack Open Summer 2020: Europe cs:go tournament လာမယ့် 8 ရက်နေ့ကနေ 16 ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့direct invite ရရှိတဲ့ Europe region က cs:go team 6 သင်းနဲ့ closed qualifier ကတက်လာမယ့် 2 သင်း တို့ ယှဉ်ပြိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။

Direct invite ရရှိထားတဲ့အသင်းတွေကတော့

BIG

Complexity Gaming

forZe

Heroic

MAD Lions

Team Spirit

တို့ဖြစ်ပြီး close qualifier ကတက်လာတဲ့ 2 သင်းကတော့ OG နဲ့ Endpoint တို့ပဲဖြစ်ပါတယ်။

Group ခွဲလိုက်တဲ့အချိန်မှာတော့ BIG , Heroic , MAD Lions , Endpoint တို့က group A မှာကျခဲ့ပြီး group B မှာတော့ Complexity Gaming , OG , Team Spirit , forZe တို့ကျခဲ့ပါတယ်။

ပေးအပ်သွားမယ့် total prize pool ကတော့ $90,000 USD ဖြစ်ပြီး group stage ပွဲစဉ်တွေကို two double-elimination format နဲ့ bo3 ပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

Group နှစ်ခုက top 2 နေရာရရှိတဲ့အသင်း 4 သင်းလေးကတော့ playoffs ကိုတက်ရောက်မှာဖြစ်ပြီး ကျန်တဲ့အသင်းတွေကတော့ ပြိုင်ပွဲကနေထွက်ခွာရမှာပဲဖြစ်ပါတယ်။

Play offs ကိုတက်ရောက်လာတဲ့ 4 သင်းကတော့ semifinals match ကိုယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်တဲ့ 2 သင်းကတော့ Grand final ကိုတက်ရောက်သွားမှာပဲဖြစ်ပါတယ်။

Champion ဖြစ်တဲ့အသင်းကတော့ ဆုကြေးငွေ $35,000 ရရှိမှာဖြစ်ပြီး ဒုတိယ ရရှိတဲ့အသင်းကတော့ $20,000 USD ဆုကြေးငွေရရှိမှာပဲဖြစ်ပါတယ်။

source - DreamHack Counter-Strike Twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။