မင်းသမီး ပွင့်နဒီမောင် ကတော့ တစ်ခေတ်တခါ က အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်တွေ ရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အနုပညာလောကမှာ အကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပွင့်နဒီမောင် က အနုပညာအလုပ်တွေကို အရင်ကထက်မလုပ်ကိုင်တော့ပေမယ့်လည်း ဖြည်းဖြည်းမှန်မှန်နဲ့ သာ လုပ်ကိုင်နေတာတွေ့ရပါတယ်။

Photo Credit - Pwint Nadi Maung fb account
Photo Credit - Pwint Nadi Maung fb account

ပွင့်နဒီမောင် ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်သလို စိတ်သဘောထားပြည့်ဝတဲ့ သူလေးဖြစ်သလို လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း တတ်နိုင်သလောက်ပါဝင် လုပ်ဆောင်ပေးတာကိုတွေ့ရပါတယ်နော်..။ ယခုမှာဆိုရင်တော့ ပွင့်နဒီမောင် တို့ ပရဟိတအသင်းဖြစ်တဲ့ မေတ္တာအင်္သချေရဲ့ (၆)ကြိမ်မြောက် အလှူလေးမှာ ပါဝင်လှူဒါန်းပေးခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ သင်္ဃန်းကျွန်းမြိုနယ်မှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းများကို ငွေကြေး နဲ့ ကျန်းမာရေးအထောက်အကူပြုတဲ့ mask များကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Photo Credit - Pwint Nadi Maung fb account
Photo Credit - Pwint Nadi Maung fb account

ဒီအလှူလေးတွေနဲ့ ပတ်သက်ပြီး ပွင့်နဒီမောင် က " မေတ္တာအင်္သချေရဲ့( ၆ ) ကြိမ်မြောက် အလှူလေးပါ...အလှူငွေ( ၁၀ )သိန်း.... ကို သင်္ဃန်းကျွန်းမြို့နယ်မှ သန့်ရှင်းရေးဝန်ထမ်း ၁၅၈ ယောက်ကို တစ်ဦးကို ပိုက်ဆံ (၆၀၀၀)ကျပ် နှင့် ကျန်ငွေ (၅၀၀၀၀ )ကို တစ်ခါသုံး Masks များလှူဒါန်းခဲ့ပါတယ်.. ဘိုဘိုသော် မိသားစုမှ လူတစ်ဦးကို မားမားခေါက်ဆွဲခြောက် (၅) ထုပ်စီထပ်မံလှူဒါန်းခဲ့ပါတယ်...နတ်လူသာဓုခေါ်စေသော် ပျော်ပျော်ရွင်ရွှင်ကုသိုလ်ပြုရင်းရှေ့ဆက်နိုင်ပါစေ" ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

Photo Credit - Pwint Nadi Maung fb account
Photo Credit - Pwint Nadi Maung fb account

Photo Credit - Pwint Nadi Maung fb account

Source - Pwint Nadi Maung's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။