ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မေသန်းနုကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: Min Thant Mg Mg 's facebook acc
photo credit: Min Thant Mg Mg 's facebook acc

ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့တဲ့ သူမကတော့ သိတတ်လိမ္မာတဲ့ သားလေးမင်းသန့်မောင်မောင်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ မင်းသန့်မောင်မောင်ကတော့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီဖြစ်ပါတယ်။ မင်းသန့်မောင်မောင်ကတော့ ယခုမှာ မိခင်ဖြစ်သူနဲ့အတူ အဆိုတော်မီမီဝင်းဖေရဲ့ ဖခင်ဖြစ်သူဆရာကြီးဦးဝင်းဖေကို လက်အုပ်ချီပြီး သွားရောက်ဂါဝရပြုကန်တော့ခဲ့ပါတယ်။

photo credit: Min Thant Mg Mg 's facebook acc
photo credit: Min Thant Mg Mg 's facebook acc

မင်းသန့်မောင်မောင်ကတော့ " ရုပ်ရှင် ပန်းချီ စာပေ ဂီတပညာရှင် ဆရာကြီးဦးဝင်းဖေအား မေမေနှင့်အတူ သွားရောက် ဂါဝရပြု ကန်တော့ခဲ့ပါတယ် " ဆိုပြီး ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မေသန်းနုနဲ့ မင်းသန့်မောင်မောင်တို့ သားအမိရဲ့ ဆရာကြီးဦးဝင်းဖေကို သွားရောက်ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Min Thant Mg Mg 's facebook acc  

photo credit: Min Thant Mg Mg 's facebook acc
photo credit: Min Thant Mg Mg 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။