ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလား အုပ်စု(A) နောက်ဆုံးပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပေါ်တူဂီနဲ့ မက္ကဆီကိုတို့ နိုင်ပွဲကိုယ်စီရယူပြီး ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ 

ပေါ်တူဂီအသင်းဟာ နယူးဇီလန်အသင်းကို (၄)ဂိုးပြတ် အနိုင်ယူပြီး အုပ်စုပထမနေရာကိုလည်း ရယူခဲ့ပါတယ်။ ပေါ်တူဂီ အသင်းအတွက် ဂိုးတွေကို စီရော်နယ်လ်ဒို (ပင်နယ်တီ၊ ၃၃ မိနစ်)၊ ဘာနာဒိုဆေးလ်ဗား (၃၇ မိနစ်)၊ အန်ဒရေဆေးလ်ဗား (၈၀ မိနစ်)၊ နာနီ (၉၀ မိနစ်) တို့ သွင်းယူပေးခဲ့တာပါ။

မက္ကဆီကိုအသင်းကတော့ အိမ်ရှင် ရုရှားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ရုရှားအသင်းရဲ့ ညာအစွန် နောက်ခံလူ ဆမီဒေါ့ဗ်က (၂၅)မိနစ်မှာ ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် မက္ကဆီကို နောက်ခံလူ အာရော်ယိုက (၃၀)မိနစ်မှာ ချေပဂိုးသွင်းပြီး (၅၂)မိနစ်မှာတော့ မက္ကဆီကို တောင်ပံကစားသမား လော်ရန်ဇိုက အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Eleven Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။