ပရိသတ်ကြီးရေ.....မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေကနေတဆင့် ‌အောင်မြင်မှုရရှိလာခဲ့တဲ့ သူလေးဖြစ်ပြီး အနုပညာလောကမှာနေရာတစ်နေရာ ရရှိထားတဲ့မင်းသမီးလေးဖြစ်ပါတယ်။ သူမရဲ့ပွင့်လင်းရိုးသားတဲ့စိတ်ထားလေးကြောင့်လည်း လူချစ်လူခင်ပေါများပြီး ပရိသတ်တွေရော အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ကြတာပဲဖြစ်ပါတယ်နော်။ ခေးဆက်သွင်ဟာ Mrtv-4ရဲ့ မင်းသားချောတွေဖြစ်တဲ့ စိုပြေမြင့်၊ဘုန်းဆက်သွင်တို့နဲ့လည်း အရမ်းခင်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အခွီတလိုင်းလေးတွေကို အတွဲညီညီနဲ့ လုပ်ကြလေ့ရှိတဲ့သူတွေပါ။


Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

ခေးဆက်သွင်တို့ သူငယ်ချင်းတွေဟာဆိုရင် ခရီးတွေလည်း အတူတူသွားကြလေ့ရှိပြီး စိတ်တူကိုယ်တူနဲ့ ခင်မင်ကြတဲ့သူငယ်ချင်းတွေပဲဖြစ်ပါတယ်နော်။ သူတို့ (၃)ဦးလုံးဟာ အနုပညာနယ်ပယ်ထဲမှာလည်း အောင်မြင်မှုကိုယ်စီ ရရှိထားကြတဲ့သူတွေဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာလည်း ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့နေရာတစ်နေရာ ရရှိထားကြတဲ့သူတွေလည်းဖြစ်ပါတယ်။


Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

မကြာသေးမီကလည်း စိုပြေမြင့်ဟာ သူ့ရဲ့Facebookစာမျက်နှာတွင် ခေးဆက်သွင်၊ဘုန်းဆက်သွင်တို့နဲ့အတူ ပျော်ပျော်ပါးပါး liveလွှင့်ရင်း စနောက်နေတာဖြစ်ပါတယ်။ သူတို့သုံးယောက်ရဲ့ ဗီဒီယိုကြည့်ပြီး အူတက်အောင်ရယ်နေရမှာ အသေအချာပါပဲနော်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

Source& video Credit--So Pyay Myint's Facebook acc

Photo credit-Khay Sett Thwin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။