ပရိသတ်ကြီးရေ......ဝါရင့်မင်းသမီးချောဖြစ်တဲ့ စိုးမြတ်သူဇာကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုအကြာရပ်တည်ထားနိုင်ပြီး အကယ်ဒမီဆုတွေများစွာကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေဝာာလည်း ဖြစ်ပါတယ်နော်။

Photo credit-Soe Myat Thuzar's Facebook page
Photo credit-Soe Myat Thuzar's Facebook page

စိုးမြတ်သူဇာဟာ အသက်၄၈နှစ်ကျော်ရှိနေပြီလည်းဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်ကို နုပျိုသွက်လက်နေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ စိုးညီအစ်မတွေရဲ့မင်းသမီးပိုးထည်ဆိုင်လေးကိုလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပြီး ညီအစ်မတတွေချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတာလည်းဖြစ်ပါတယ်နော်။ မကြီးစိုးဟာ ပွင့်ပွင့်လင်းလင်းနဲ့နေထိုင်တတ်တဲ့သူ‌လည်းဖြစ်ပြီးတော့ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေလေ့ရှိတဲ့သူပါ။

Photo credit-Soe Myat Thuzar's Facebook page
Photo credit-Soe Myat Thuzar's Facebook page

မကြာသေးမီကလည်း စိုးမြတ်သူဇာဟာ သူမရဲ့ Facebookစာမျက်နှာမှာ ပရိသတ်တွေနဲ့အတူ ရင်းရင်းနှီးနှီးစကားတွေပြောပြီး ကောမန့်လာမန့်တဲ့ သူတွေနဲ့လည်း အပြန်အလှန်စနောက်နေတဲ့ live ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ မကြီးစိုးတစ်ယောက်ကတော့ အသက် ၄၉နှစ်ထဲရောက်တော့မှာဖြစ်တဲ့ အကြောင်းကိုလည်းစနောက်ရင်း ပြောနေပါသေးတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Soe Myat Thuzar's Facebook page
Photo credit-Soe Myat Thuzar's Facebook page

Source&Photo credit-Soe Myat Thuzar's Facebook page

Video Credit-Soe Myat Thuzar's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။