မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ ONE Championshipရဲ့ ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်ပြီး ယခုမှာ လေ့ကျင့်ပြင်ဆင်မှုတွေကို ပြုလုပ်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ အောင်လအန်ဆန်ကတော့ ရိုးသားပွင့်လင်းစွာနေထိုင်တတ်တဲ့ အားကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ မိသားစုလေးကို အချိန်ပေးကာ ဂရုစိုက်လျက်ရှိနေပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အောင်လအန်ဆန်ရဲ့ သမီးလေးကတော့ ယခုမှာ ဖေဖေနဲ့ အတူ ငါးမျှားရင်း မျက်နှာပြောင်ပြပြီး အသည်းယားစရာပုံစံလေးနဲ့ ရယ်မောနေခဲ့ပါတယ်။ အောင်လအန်ဆန်သမီးလေးရဲ့ ပြုံးရယ်နေတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ " ချစ်သမီးလေးဆန့်ဆိုင်းကငါးမျှားရတာကိုနှစ်သက်မယ်လို့ကျွန်တော်ထင်ပါတယ်လွန်ခဲ့တဲ့အပတ်နားရက်တုန်းက၊ဝယ်လင်တန်ကတူးမြောင်းတွေမှာမိသားစုနဲ့အတူငါးသွားမျှားခဲ့ပါတယ် " ဆိုပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လအန်ဆန်တို့ သားအဖနှစ်ယောက်ရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Aung La Nsang(Burmese Python) 's facebook page

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။