ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ မကြာသေးပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတာပါ။ သံသာက မတူညီတဲ့ ကာရိုက်တာလေးတွေနဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်နေပြီး အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
မကြာသေးမီက ဇာတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲမှာလည်း မေပျိုဖြူအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သံသာရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက အကြိုက်တွေ့နေကြတာလည်း ဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း သံသာမိုးသိမ့်က ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။
သံသာက ဟော့ပေါ့ကို အားရပါးရ စားနေရင်း အသားပြားလေးကို ကိုင်ကာ အထာကျကျပိုစ့်ပေး ဓာတ်ဖမ်းနေတဲ့ ပုံရိပ်လှလှလေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေအပြင် " ဘယ်သူစားအုံးမလဲဟင် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ... ချစ်ရတဲ့ ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို မမေ့လိုက်ပါနဲ့နော်... ။
Photo credit - Than Thar Moe Theint's Facebook account
Source - Than Thar Moe Theint's Facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။