ပရဟိတဆိုတာ အဝေးကြီး သွားလုပ်ဖို ့မလိုပါဘူး လုပ်ဖြစ်ဖို ့ပဲလိုပါတယ် ဆိုတဲ့ ဝေဠုကျော်

ပရိသတ်ကြီးရေ အခက်အခဲဖြစ်နေတဲ့သူတွေကို ကိုယ်ကျိုးမကြည့်ဘဲ ကူညီဆောင်ရွက်ပေးတဲ့ ပရဟိတလုပ်ငန်းဟာ အရမ်းကို မွန်မြတ်ကောင်းမွန်လှပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို ့ဆိုတာ လူတိုင်းမလုပ်နိုင်ဘဲ တကယ်ကို စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ဆောင်နိုင်ဖို ့ဆိုတာ ပိုပြီးတောင်ခက်ခဲလှပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ကိုဝေဠုကျော်ဟာ အကျိုးပြု ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဝေဠုကျော် ပရဟိတဖောင်ဒေးရှင်းကိုဦးဆောင်နေသူဖြစ်ပါတယ်။ 

ကိုဝေဠုကျော်ဟာ ပရဟိတအပေါ်ထားတဲ့သူရဲ ့သဘောထားအမြင်ကို အခုလို ပြောပြသွားတာကိုတွေ ့ရပါတယ်။

“ကျွန်တော်တို ့တွေက ကိုယ်နေတဲ့ ရပ်ကွက်၊ ပြည်နယ်၊ တိုင်း ကိုကျော်ပြီး တခြားပြည်နယ်၊ တိုင်းတွေမှာ ကူညီကယ်ဆယ်ရေးတွေ သွားရောက်လုပ်နိုင်ခဲ့တာကို အားကျတယ်လို ့ပြောတဲ့သူတွေအများကြီးရှိပါတယ်။ 

ကျွန်တော်တို ့ရဲ ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက စစ်ထွက်မိန် ့ခွန်းမှာ ပြောခဲ့ပါတယ်။ 

အနီးဆုံးရန်သူကို ရှာတိုက်ပါ။ ကျွန်တော့်ရဲ ့ဆောင်ပုဒ်ကတော့ အနီးဆုံး ရန်သူကို ရှာတိုက်ဖို ့မဟုတ်ပါဘူး ။

ကျွန်တော်တို ့က အနီးဆုံး ပရဟိတအလုပ်ကို ရှာလုပ်ဖို ့ပါ။ အဝေးကြီးကိုသွားပြီး မလုပ်နိုင်ကြလို ့အားမငယ်ကြပါနဲ ့။

ကျွန်တော်တို ့အိမ်မှာရှိတဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း၊ သူတို ့ရဲ ့ဝေယျာဝစ္စတွေ

လုပ်ကျွေးပြုစုနိုင်ခြင်းသည်လည်း ပရဟိတမည်ပါတယ်။ 

အကောင်းဆုံး ပရဟိတပါ။ အဲ့တာတွေကို ကျော်လွန်ပြီး လုပ်ပေးနိုင်လာရင် မိသားစုနဲ ့ပတ်သက်တဲ့ဝေယျာဝစ္စ ကောင်းမွန်တဲ့ကိစ္စတွေကို အားလုံးကို လုပ်ကိုင်ပေးနိုင်သလို ကိုယ့်ရဲ ့ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း အပေါင်းအသင်း ၊လုပ်ဖေါ်ကိုင်ဖက် တွေရဲ ့လိုအပ်ချက်တွေကို ပါဝင် ကူညီလုပ်ကိုင်ပေးခြင်းကလည်း ပရဟိတမည်ပါတယ်။

ဒီထက်အချိန်ရသေးလို ့အချိန်လေးတွေ ပိုနေမယ်ဆိုရင် ကိုယ့်အိမ်ရှေ ့မှာ

ရှိနေတဲ့ အမှိုက်ကလေးတွေထွက်ကောက်တာတို ့၊ မြက်ကလေးတွေထွက်ရှင်းတာတို ့၊ ပိတ်နေတဲ့မြောင်းကို ရှင်းလင်းပေးတာတို ့ကလည်း ပရဟိတပါပဲ ။

အဲ့ဒါကြောင့် ပရဟိတက အဝေးကြီး သွားလုပ်ဖို ့မလိုပါဘူး လုပ်ဖြစ်ဖို ့ပဲလိုပါတယ်။ 

ကျွန်တော်တို ့ကတော့ မိဘကို ဗဟိုပြု၍ အနီးဆုံး ပရဟိတကို ရှာလုပ်ဖို ့ပါပဲ။ အဲဒီထက်ပိုလုပ်နိုင်လာရင်တော့ ကိုယ့်ရဲ ့ညီအစ်ကို မောင်နှမ၊ မိသားစု ၊ကိုယ့်ရဲ ့ဆွေမျိုးသားချင်း၊ မိမိတို ့ရပ်ရွာ၊ မြို ့ပြည်နယ် ၊ တိုင်း အဆင့်ဆင့် လုပ်သွားဖို ့လိုပါတယ်။ 

ပရဟိတလုပ်တဲ့သူတွေရဲ ့ခွန်အားက တိုင်းပြည်အတွက်လိုအပ်နေပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို ့အဝေးကြီး သွားလုပ်ဖို ့မလိုပါဘူး။

ကျွန်တော်တို ့အနီးဆုံး ပရဟိတ ကို ရှာလုပ်ခြင်းဖြင့် ကျွန်တော်တို ့နိုင်ငံအတွက် လိုအပ်နေတဲ့ နေရာနဲ ့ပြည်သူတွေ အကျိုးပြုနိုင်ကြပါစေလို ့ဆုတောင်းပါတယ် ” လို ့ကိုဝေဠုကျော်က ဇွန်လ ၂၄ ရက်နေ ့က ကျင်းပတဲ့ သဘင်အနုပညာရံပုံငွေပွဲတော်နှင့်ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။