သရုပ်ဆောင် ညီထွဋ်ခေါင်ဟာ ဇာတ်ရုပ်စုံလင်သလို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ဖူးသလို အနယ်နယ်အရပ်ရပ်က ပရိသတ်ချစ်ခင်အားပေးမှုတွေလည်း ရရှိထားသူဖြစ်ပါတယ်။

လက်တလောမှာ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး Myanmar People Magazine ကို အခုလိုဖြေခဲ့တယ်လို့သိရပါတယ်။

“ဒါရိုက်တာကတော့ အသစ်ပေါ့ ညီညီဇော်နိုင်။ ပါတာတော့ ကိုယ်ရယ်၊ ကိုမင်းမော်ကွန်းရယ်၊ ရွှေသမီးရယ်၊ နန်းမြတ်ဖြိုးသင်းရယ်။ ကားကတော့ ဟာသကားလေးပါပဲ။ ဟိုတယ်တစ်ခုရဲ့ မန်နေဂျာပေါ့နော်။ ကောင်မလေးအိမ်က မသိအောင် အတူတူယူပြီးတော့ နေလိုက်ကြတယ်။ သူငယ်ချင်းက ကိုမင်းမော်ကွန်းပေါ့နော်။ နာမည်ကတော့ ကံကောင်း။ ကံကောင်းဆိုပေမယ့်လည်း အမြဲတမ်းကံဆိုးနေတယ်။ ကိုယ့်ဆီရောက်လာပြီးတော့ လွဲချော်မှုတွေနဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ ။ မိဘတွေလိုက်လာတဲ့အခါကျတော့ မသိစေချင်တော့ ကိုယ့်မိန်းမက သူ့မိန်းမဖြစ် သူ့မိန်းမက ကိုယ့်မိန်းမဖြစ် အဲ့လိုအလွဲလေး လို့ ညီထွဋ်ခေါင်က ပြောပါတယ်။

သတင်းအရင်းမြစ် Myanmar People Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။