သင့်ရဲ့စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေအတွက် အားပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ချင်ပါသလား။ ဒီနည်းလမ်းလေးတွေက ထိရောက်ပါလိမ့်မယ်။

လေ့လာပါ

အရင်ဆုံး သင့်အနီးပတ်ဝန်းကျင်မှာ သင် အားပေးကူညီရမယ့် စိတ်ဓာတ်ကျသူတစ်ယောက်ယောက်ရှိနေပြီဆိုရင် သူ့ကိုု ကူညီဖို့ အရင်ဆုံး သင့်ကိုယ်သင် ဝမ်းစာဖြည့်ရပါလိမ့်မယ်။ ဒါကတော့ Depression ဝင်နေတဲ့သူတွေကို ဘယ်လိုပြုမူဆက်ဆံရမယ်၊ ဘယ်လိုပြောဆိုရမယ်၊ သူ စိတ်ဓာတ်ပြန်လည်ကျန်းမာကြံ့ခိုင်လာအောင် ဘယ်လို အားပေးကူညီရမလဲဆိုတာကို သင်အရင်ဆုံး လေ့လာရပါလိမ့်မယ်။ ဒီနေရာမှာ လေ့လာစရာ Website တွေ၊ စာအုပ်စာတမ်းတွေအများကြီးရှိပါတယ်။

စကားပြောပါ

Depression ဝင်တာက စိတ်ရောဂါတစ်မျိုးပါပဲ။ အထူးသဖြင့် အထီးကျန်လေ ပိုဆိုးရွားလာနိုင်လေပါ။ ဒါကြောင့် စကားပြောပေးပါ။ ဥပမာ သင့်ရဲ့ သူငယ်ချင်းတစ်ယောက်ယောက် သင့်ရှေ့မှာ ချော်လဲတယ်ဆိုရင်တောင် “အဆင်ပြေလား၊ ဘယ်နားနာသွားလဲ၊ ငါ ဘာလုပ်ပေးရမလဲ” စသည်ဖြင့် မေးမြန်းကူညီရတာပဲ မဟုတ်ဘူးလား။ ဘာဖြစ်နေတာလဲဆိုတာ သိမှ ဘာလုပ်ပေးရမလဲဆိုတာကို သိမှာပါ။ ဒါကြောင့် သူ့ရဲ့ လက်ရှိအခြေအနေကိုမေးမြန်းပြီး စကားပြောပေးပါ။

ရယ်မောပါ

Depression ဝင်နေတဲ့သူတွေအားလုံးအတွက် အကောင်းဆုံးကုသနည်းကတော့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ရယ်မောဖို့ပါပဲ။ သူ့ကို သင့်အနေနဲ့ အရင်တုန်းကလို ပျော်ရွှင်နိုင်အောင် ကြိုးစားပေးရပါလိမ့်မယ်။ သူ တစ်ဖြည်းဖြည်း ပြုံးလာရင်းကနေ အရင်လို ရယ်မောပျော်ရွှင်လာနိုင်ဖို့ သင် ကူညီရပါလိမ့်မယ်။ သင့်ဘက်က အပြုံးတုမဖြစ်ဖို့တော့ အရေးကြီးတာပေါ့။ တကယ်ပဲ စိတ်ပါလက်ပါ သူနဲ့အတူတူ ရယ်မောပေးပါ။ သူ့ကြိုက်နှစ်သက်တတ်တဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေပေးပါ။

နားထောင်ပါ

သူ့မှာ သောင်တင်နေတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကို နားထောင်ပေးပါ။ ရင်ဖွင့်တယ်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကို အရမ်းပေါ့ပါးသွားစေတဲ့အရာပါ။ နောက်ပြီး လူတော်တော်များများက စကားပြောကောင်းသူတွေ ဖြစ်ကြပါတယ်။ နားထောင်ကောင်းသူတွေ မဟုတ်ကြပါဘူး။ ဒီနေရာမှာတော့ သင့်ဘက်က သူပြောပြချင်တဲ့ ရင်တွင်းခံစားချက်တွေကို နားထောင်ပေးပြီး အတူတူမျှဝေပေးခြင်းဖြင့် သူ့ကို စိတ်ဓာတ်မြင့်တင်လာအောင် ကူညီပေးလို့ရပါသေးတယ်။

လူငယ်တွေ Depression ဝင်ပြီး စိတ်ကျနေတာကို မိသားစုနဲ့ အသိုင်းအဝိုင်းက သတိမမူကြလို့ လူမှုရေးပြဿနာတွေများစွာ ဖြစ်ကြတာကို တွေ့ရပါတယ်။ တကယ်တော့ Depression ဆိုတာ စိတ်ကျရောဂါတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ မိသားစုပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ့လာပြီဆိုရင် ၀ိုင်းဝန်းကူညီကာ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းက ကူညီပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။