အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ခရစ်စတယ်ပဲလေ့စ် အနေနှင့် အသင်းရဲ့လစ်လပ်နေတဲ့ နည်းပြချုပ်နေရာမှာ အေဂျက်စ်နည်းပြဟောင်း ဥရောပနာမည်ကျော်နည်းပြတေါထဲက တစ်ဦးဖြစ်တဲ့ ဖရန့်ဒီဘိုးဝါးကို နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ခရစ်စတယ်ပဲလေ့စ် အနေနှင့် အစပထမက ယခု ဆောက်သမ်တန်နည်းပြသစ်ဖြစ်လာတဲ့ ပယ်လီဂရိနိုက်ကို အသင်း၏နည်းပြအဖြစ်ခန့်အပ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆောက်သမ်တန်ကလက်သီးသွားခဲ့ခြင်းဖြစ်သည်။

နယ်သာလန်ကလပ် အေဂျက်စ်အသင်းနှင့်အောင်မြင်မှုများရယူနိုင်ခဲ့သော ခရစ်စတယ်ပဲလေ့စ် ၏နည်းပြအသစ် ဖရန့်ဒီဘိုးဝါးသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ခရစ်စတယ်ပဲလေ့စ်အသင်း၏၄နှစ်အတွင်း ၅ယောက်မြောက်ခန့်အပ်သော နည်းပြဖြစ်လာသည်။

Hein 

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။