ပြင်သစ်လီဂူးကလပ် လ်ုင်ယွန်အသင်း၏ ဥက္ကဌဖြစ်သူ ဂျင်းမီချယ်အော်စလပ်အနေဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဂျရူးကို လိုင်ယွန်အသင်းကစိတ်ဝင်စားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

သို့သော် ကာယံကံရှင်ဖြစ်သူ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ ပြင်သစ်လက်ရွှေးစင်တိုက်စစ်မှူး ဂျရူးကတော့ အသင်းပြောင်းရန်စိတ်ဝင်စားခြင်းမရှိဘဲ အာဆင်နယ်အသင်းတွင်သာ ပုံမှန်ပွဲထွက်ခွင့်ရရန် ကြိုးပမ်းသွားမည်ဟုပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်တွင် လိုင်ယွန်အသင်း၏တိုက်စစ်မှူး လာကတ်ဇီကို အာဆင်နယ်ကခေါ်ယူရန်ကြိုးပမ်းနေပြီး လိုင်ယွန်အသင်းက လာကတ်ဇီအတွက်ပြောင်းရွှေ့ကြေး ပေါင်၅၆သန်းသတ်မှတ်ထားသလို လိုင်ယွန်ကလည်းအာဆင်နယ်တိုက်စစ်မှူးဂျရူးကိုပြန်လည်ခေါ်ယူလိုနေခြင်းဖြစ်သည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။