ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းအနေနှင့် စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်း၏ တောင်ပံတိုက်စစ်မှူးကစားသမား ဂါရတ်ဘေးကို စောင့်ကြည့်နေကြောင်းသိရှိရသည်။

အကယ်၍ စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းသာ မိုနာကိုအသင်း၏တိုက်စစ်မှူး ဘာပေးကိုခေါ်ယူနိုင်ခဲ့ပါက ကုန်ကျငွေပြန်ကာမိရန် အသင်း၏ ဝေလလက်ရွှေးစင်ကစားသမား တောင်ပံတိုက်စစ်မှူးကစားသမား ဂါရတ်ဘေးကိုရောင်းချနိုင်ဖွယ်ရှိနေသည်။  

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်း၏တိုက်စစ်မှူး ဘာပေးကိုခေါ်ယူနိုင်ရန် မည်သည့်အသင်းမဆို ပေါင်သန်း၁ရာကျော်ထိသုံးရဖွယ်ရှိနေပြီး ရီးရဲမက်ဒရစ်အသင်းသာ ဂါရတ်ဘေးကိုပြန်ရောင်းချပါက ပီအက်စ်ဂျီက ဝယ်ယူရန်အသင့်ရှိနေခြင်းဖြစ်သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။