ယခုလက်ရှိအချိန်တွင် အွန်လိုင်းပေါ်တွင် မန်ချက်စတာယူနိုင်တက်အသင်း၏ ကြယ်ပွင့်ကစားသမား ပေါ့ဘာနှင့်ကြော်ငြာထားသည့် မန်ချက်စတာယူနိုင်တက်အိမ်ကွင်းဂျာစီအသစ်ဟု ထင်ရသည့်ပိုစတာပေါက်ကြားလျက်ရှိနေသည်။

မန်ချက်စတာယူနိုင်တက်အိမ်ကွင်းဂျာစီအရောင်ဖြစ်တဲ့ အနီရောင်ကိုခန္ဒာကိုယ်အပြည့် ခြယ်ထားပြီး ပုခုံးနှစ်ဘက်တွင် Adidas အမှတ်အသားဖြစ်တဲ့ မျဉ်းဖြူ၃ကြောင်းဆွဲထားကာ လက်မောင်းအဆုံးများတွင် အဖြူနှင့်အမည်း ၂ကြောင်းပါတဲ့ ဂျာစီအသစ်နှင့်ပေါ့ဘာကိုမြင်တွေ့ရမှာပါ။

ဂျာမနီအားကစားအသုံးအဆောင်ကုမ္ပဏီ Adidas နှင့် စျေးအကြီးဆုံးအားကစားအကျင်္ီစပွန်ဆာချုပ်ဆိုထားသော အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်သည် လောလောဆယ်အဖြစ် လာမည့်ဘောလုံးရာသီတွင် ဝတ်ဆင်မည့် အဝေးကွင်းဂျာစီအမည်းရောင်ကိုသာ မိတ်ဆက်ရသေးသည်။

Hein  

သတင်းအရင်းမြစ် The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။