သြစတြေးလျနိုင်ငံက စစ်ဘက်ထောက်လှမ်းရေး လေယာဉ်(၂)စင်းကို ဖိလစ်ပိုင်စစ်သည်တွေကို အကူအညီပေးဖို့အတွက် စေလွှတ်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဆိုကြောင်း reuters သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

သြစတြေးလျကာကွယ်ရေးဝန်ကြီး Marise Payneက အကြမ်းဖက်သမားတွေရဲ့ ဒေသတွင်း ခြိမ်းခြောက်မှုတွေဟာ သြစတြေးလျနိုင်ငံနဲ့ ဒေသတွင်း အကျိုးစီးပွားကိုပါ ခြိမ်းခြောက်ရာ ရောက်ကြောင်း ဆိုထားပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းမာရာဝီမြို့က စစ်သွေးကြွတွေကို ဖိလစ်ပိုင်စစ်တပ်ကတိုက်ခိုက်ရာမှာ အကူအညီဖြစ်စေဖို့ရည်ရွယ်ပြီး အခုလို စေလွှတ်သွားမှာ ဖြစ်ကြောင်းနဲ့ သြစတြေးလျနိုင်ငံရဲ့ ကမ်းလှမ်းစေလွှတ်မှုကို ဖိလစ်ပိုင်အစိုးရကလည်းသဘောတူလက်ခံခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။