ဒီမိုကရေစီလိုလားတဲ့ ပြင်သစ်နိုင်ငံဖွား ဗီယက်နမ်နိုင်ငံသား ဘလော့ဂါတစ်ဦးကို အာဏာပိုင်တွေက ပြင်သစ်နိုင်ငံဆီ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းနဲ့အဆိုပါလုပ်ဆောင်မှုအတွက် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးကြောင်း ABC News မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ပြည်နှင်ဒဏ်ကို ဆန့်ကျင်တဲ့ အယူခံဝင်မှုကို အသက်(၆၁)နှစ်အရွယ် Pham Minh Hoangတစ်ယောက် ရှုံးနိမ့်ခဲ့ပြီးနောက် ရဲအရာရှိတွေဟာ သူ့ရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါလုပ်ဆောင်ချက်အတွက် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူတွေကတော့ Hoang ကို ပြည်နှင်ဒဏ် ပေးမှုအပေါ် ဝေဖန်ရှုံ့ချခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
Aung
သတင်းအရင်းမြစ် ABC News
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။