အများနဲ့မတူ တမူထူးတဲ့ အသံလေးတွေ တမူပိုတဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်အချစ်တော် ဖြစ်ခဲ့ရသူကတော့  မင်းသမီး ခင်လေးနွယ်ပဲ ဖြစ်ပါတယ်။ တခေတ်တခါကတော့ ကြော်ငြာတွေ ရုပ်ရှင်ကားတွေရိုက်ကူးပြီး အောင်မြင်မှုအရှိန်အဝါကြီးတဲ့ မင်းသမီးတစ်လက်အဖြစ် ရပ်တည်ခဲ့တဲ့ သူမဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားတာတွေ့ရပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပြီး သူမရဲ့ ကိုယ်ပိုင်ဘဝလေးနဲ့ပဲပျော်ရွှင်စွာ ဖြတ်သန်းနေတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ။ မကြာခင်ကမှ ပန်းအလှဆင်တဲ့ သင်တန်းတစ်ခုတက်နေတာ သိရပြီး သူမရဲ့ အမှတ်တရလေးတွေကိုတော့ သူမရဲ့ facebook ကနေ ပရိသတ်တွေဆီ မျှဝေပေးတတ်ပါတယ်။

အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ထိပ်တန်းမင်းသမီး ထပ်ဆင့်အကယ်ဒမီ ချစ်သက် တစ်ယောက်ကတော့ အိမ်ထောင်တွေကျပြီး ကလေးနှစ်ယောက်မိခင်ဖြစ်လို့နေပေမယ့် သူမကတော့ လက်ရှိအချိန်ထိ တစ်ယောက်တည်းပဲတွေ့နေရပါတယ်။ ခေတ်ပြိုင်မင်းသမီးတွေအိမ်ထောင်တွေကျကုန်ပေမယ့်ဘအခုချိန်ထိ တစ်ယောက်တည်းတွေ့နေရတဲ့ ခင်လေးနွယ်ရဲ့ အချစ်ရေးကလည်း ပရိသတ်တွေကြားစိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။

ပရိသတ်ကြီးအတွက် ခင်လေးနွယ်ရဲ့ ဓာတ်ပုံလေးတွေ အလွမ်းပြေ တင်ပေးလိုက်ပါတယ်နော်...

Photo Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။