ကိုရန်လေးနဲ့ အမှတ်မထင် မထင်မှတ်ဘဲ ဘန်ကောက်မှာ သွားဆုံတဲ့ ဦးကျော်သူ

ဘန်ကောက်မှာ နှလုံးခွဲစိတ်မှုသွားလုပ်တဲ့ ဦးကျော်သူနဲ့ ကိုရန်လေးတို့ ဘန်ကောက်မှာ ဘယ်လို အမှတ်မထင် တွေ့ဆုံခဲ့လည်းဆိုတော့

အမှတ်မထင် မထင်မှတ်ဘဲ ရန်လေးနဲ့။

ယနေ့ဘန်ကောက်မြို့ ဘာမွန်ဂရပ်ဆေးရုံတွင်လေ့ကျင့်ခဏ်းလုပ်ပြီးနှလုံးဆရာဝန်ကြီးနှင့်တွေ့ဆုံအပြီးတည်းခိုရာBHဟိုတယ်သို့ပြန်ရန်ဓါတ်လှေခါးမှအထွက်

မထင်မှတ် မမျှော်လင့်ဘဲ"ကိုရန်အောင်"(ခ) ရန်လေးနှင့်တွေ့ဆုံခဲ့ရသည်လို့ ဦးကျော်သူရဲ့ facebook မှာတင်ထားခဲ့ပါတယ်။

နှလုံးခွဲစိတ်ဖို့ ဘန်ကောက်ရောက်နေတဲ့အတောအတွင်း

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိပအိုဝ်းလူငယ်နာရေးကူညီမှုအသင်းမှလူငယ်များသည်ယနေ့ကျောင်းပိတ်ရက်ဖြစ်သည့်အတွက်ကျွန်တော်တည်းခိုရာ BH ဟိုတယ်သို့လာရောက်ကာပရဟိတအကြောင်းလာရောက်ဆွေးနွေးတိုင်ပင်ကာဂါရဝပြုကန်တော့ခဲ့ကြတယ်လို့လည်း ရေးသားထားပါတယ်။

ပရဟိတဟူသည်လူမျိုး၊ဘာသာ၊ဆင်းရဲ၊ချမ်းသာ၊မိတ်ဆွေ၊ရန်သူဟူ၍ခွဲမရပါ။

အားလုံးသည်"လူ"ဖြစ်သည့်အတွက်လူလိုပင်ကူညီဖေးမနွေးထွေးစွာသိုင်းခြုံပေးဖို့အရေးကြီးလှပေတော့သည်လို့ ပရိသတ်အတွက် စကားလက်ဆောင်မျှဝေထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။