လုလုအောင် မှ ထားလှရီ၊ ထားလှရီ မှ မအေးသောင်းဘက်သို့ target ပြောင်းသွားသော ပုရိသတွေ အတွက်တော့ မအေးသောင်း (ခေါ်) အေးဝတ်ရည်သောင်းဟာ တဖန် စန်းထ လာပြန်ပါတယ်။ မအေးသောင်း ဟာ မြန်မာ အကျႌလေးတွေကို ရိုးရိုး ယဉ်ယဉ်ဝတ်ပြီး တည်ငြိမ်နေစွာနေတတ်တဲ့ သူမရဲ့ အပြုအမူတွေကြောင့် ယခုလို ခေတ်စားလာတယ်လို့ပြောလို့ရပါတယ်။ သူမရဲ့ ဓာတ်ပုံဟာ ဆိုရင် မိနစ်ပိုင်း အတွင်း မှာတွင် like လုပ် သူ သောင်းချီ ရှိနေစမြဲပါ။

သူမရဲ့ ယခုလို နာမည်ကြီးလာတာနှင့် ပတ်သက်ပြီး သူမရဲ့ မကောင်းသတင်းအချို့ဟာ ပေါ်ထွက်လာခဲ့တာကို လည်း နေရာ အနှံ့ မှာတွေ့ မြင်ရပါတယ်။ သို့သော်လည်း ပုရိသတွေ အနေ နှင့် ကတော့ မအေးသောင်းရဲ့ ဓာတ်ပုံအောက်တွေ မှာ ကဗျာတွေ သီကုံးကာ comment ပေးနေရတဲ့ ဘဝကို သာ ကျေနပ်ပျော်ရွှင်နေကြတာပါ။

ဖေ့ဘွတ်အသုံးပြုသူတစ်ယောက်ဟာ ဆိုရင် မယုံရင် မအေးသောင်းရဲ့ အကောင့်ကို refresh လုပ်ကြည့်ရင် မိနစ်နှင့် စက္ကန့်အလိုက် followers တွေက ရာချီပြီး တိုးတာကို တွေ့ရတယ် ဆိုပြီး ပြောခဲ့ပါတယ်။ ထို အတိုင်း မအေးသောင်းရဲ့ အကောင့် ဟာ တကယ်ကို တစ်မိနစ်အတွင်းမှာ ရာချီ တိုးနေကာ ယခုဆိုရင် followers ၄သိန်းကျော်ရှိပြီကို ယခုလိုပဲတွေ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။