အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း၏နည်းပြ ယာဂန်ကလော့အနေဖြင့် လိဂ်ပြိုင်ဘက် အာဆင်နယ်အသင်း၏ကွင်းလယ်လူ ချိန်ဘာလိန်ကိုခေါ်ယူရန် အာဆင်နယ်အသင်းနှင့် ဆွေးနွေးနေကြောင်းသိရှိရသည်။

အသက်၂၃နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွှေးစင်ကစားသမား အသင်း၏ကွင်းလယ်လူ ချိန်ဘာလိန်အတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းသတ်မှတ်ထားကြောင်းသိရှိရသည်။

ယခုဘောလုံးရာသီအပြောင်းအရွှေ့တွင် လီဗာပူးအသင်း၏နည်းပြ ကလော့အနေဖြင့် အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်နေရာ လောလောဆယ်တွင် ရိုးမားအသင်း၏တောင်ပံကစား မိုဟာမက်ဆာလာကိုခေါ်ယူထားနိုင်ခဲ့သည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။