အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် တော့တီဟမ်စပါးအသင်း၏ ညာနောက်ခံလူ ဝေါ့ကာကို မန်ချက်စတာစီးတီးအသင်း၏နည်းပြ ဂွာဒီယိုလာက စောင့်ကြည့်နေကြောင်းသိရှိရပါတယ်။

မန်ချက်စတာစီးတီးအသင်း၏နည်းပြ ဂွာဒီယိုလာအနေနှင့် တော့တီဟမ်စပါးအသင်း၏ ညာနောက်ခံလူ ဝေါ့ကာကို မည်သည်စျေးဖြင့် ကမ်းလှမ်းသည်ဖြစ်ပါစေ တော့တီဟမ်စပါးအသင်းအနေနှင့် ကမ်းလှမ်းသည့်စျေးထက် ပေါင်၁ဝသန်းပိုရချင်ကြောင်းသိရှိရသည်။

Daily Mail သတင်းစာ၏အဆိုအရ မန်ချက်စတာစီးတီးအသင်း အနေဖြင့် တော့တီဟမ်စပါးအသင်း၏ ညာနောက်ခံလူ ဝေါ့ကာကို ပေါင်သန်း၄ဝဖြင့်ကမ်းလျမ်းဖွယ်ရှိနေပြီး တော့တီဟမ်စပါးအသင်းကမှု ပေါင်သန်း၅ဝထိအလိုရှိနေသည်ဟု သိရှိရသည်။

Hein 

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။