စပိန်လာလီဂါကလပ် ဆီဗီလာအသင်း၏ ကွင်းလယ်လူ ဗီတိုလိုကို အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းအနေနှင့်ခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။ 

ပရီးမီးယားလိဂ် အမှတ်ပေးဖလားလက်ရှိချန်ပီယံ ချယ်ဆီးအသင်း၏ နည်းပြကွန်တီအနေဖြင့် အသင်း၏ကွင်းလယ်လယ်တွင် အားဖြည့်ဖို့ အသက်၂ရနှစ်အရွယ်ရှိ ဗီတိုလိုကို ခေါ်ယူရန်စိတ်ဝင်စားနေတာပါ။ 

စပိန်လက်ရွှေးစင်ကွင်းလယ်လူ ဗီတိုလိုအနေဖြင့် စပိန်လာလီဂါကလပ် ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလား၃ခါဆွတ်ခူးထားပြီး ဗီတိုလိုကိုခေါ်ယူလိုသည့် မည်သည့်အသင်းမဆို စာချုပ်ဖျက်တမ်းကြေး ပေါင်၃၅သန်းပေးပြီး ခေါ်ယူနိုင်ကြောင်းသိရှိရသည်။

Hein

သတင်းအရင်းမြစ် The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။