Lure Hsu ဆိုတဲ့ ဒီဇိုင်နာမလေးဟာ သူမရဲ့ ဝတ်စားဆင်ယင်ပုံ သူမရဲ့ အရွယ်တင်တဲ့ မျက်နှာကြောင့် သူမကို ချစ်ခင် နှစ်သက်တဲ့ သူတွေကြားမှာကျော်ကြားခဲ့ပါတယ်။ သူမကို ဆယ်ကျော်သက်လို့ပြောရင်တောင်လူတိုင်းယုံမယ့် ပုံစံမျိုးပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူမရဲ့ အသက်ကို ထုတ်ဖော်ပြလိုက်တဲ့ အချိန်မှာတော့ သူမရဲ့ ပရိသတ်တွေ အားလုံး အလန့်ကြီးလန့်သွားပါတော့တယ်။

သူမဟာ တကယ်ဆိုရင် လာမယ့် သြဂုတ်လမှာ အသက် ၄၂ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ Hsu ရဲ့ အသက်ကိုကြားလိုက်ရတဲ့ သူတွေဟာ သူမ ရဲ့ လျို့ဝှက်ချက်တွေက ဘာများလည်း ဒီအသက်အရွယ်ထိ ယခုလိုမျိုး နုဖတ်နေအောင် ဘာဆေးတွေ စားတာလဲ ဆိုတဲ့ မေးခွန်းတွေ နှင့် အတူ သူမရဲ့ instagram သူမရဲ့ လူမှုကွန်ယက်တွေမှာ follow တဲ့သူတွေ အမြောက်အများပေါ်ထွက်လာပါတော့တယ်။

သူမဟာ ယခုလိုမျိုး နုငယ်တဲ့ အသားအရေ ရထားတဲ့ လျို့ဝှက်ချက်ကတော့ ရေများများသောက်လို့ပါဆိုပြီးပြောကြားခဲ့ပါတယ်။ သူမဟာ သကြားပါဝင်မှုများတဲ့ အချိုရည်တွေကို ရှောင်ကာ အသီးအရွက်တွေ စားတာကြောင့်ပါဆိုပြီး ဖြေဆိုခဲ့ပါတယ်။ သူမလို အရွယ်တင်နုပျိုမယ်ဆိုရင် အမြဲ အသီးအရွက်ပဲ သင်စားနိုင်မလား?

Source : News Shark

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။