ထက်ယံပြောပြတဲ့သူ ့ရဲ ့အချစ်ရေး

ပရိသတ်ကြီးရေ အဆိုတော်ထက်ယံဟာ မကြာသေးခင်က သူ ့ရဲ ့ချစ်သူအတွက် ရုပ်ရှင်ရုံတစ်ရုံလုံးစာလက်မှတ်ဝယ်ပေးပြီး

ကြည်နူးဖွယ်အမှတ်တရလေးကိုဖန်တီးပေးခဲ့တာကြောင့် ပရိသတ်ကြားမှာ လူပြောများအားကျစရာဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေစိတ်ဝင်စားခဲ့ကြတဲ့ သူ ့ရဲ ့အချစ်ရေး အကြောင်းကိုတော့ ထက်ယံက အခုလို ပြောပြသွားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အချစ်ရေးက တော့ အဆင်ပြေပါတယ်။ မပြေလည်း ပြေအောင် လုပ်ရမှာပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ကျွန်တော် ဝါသနာပါတဲ့ဂီတ အလုပ်တွေ ပြီးတော့တာဝန်ကြီးတဲ့ show ပွဲတွေ လုပ်နေရတဲ့ အချိန်မှာ အချစ် နဲ့ ပတ်သတ်ပြီးတော့ အသည်းကွဲတာတို့ ဘာတို့တွေလုပ်နေလို့မရဘူး။ ခံစားနေလို့မရဘူး။ 

အဲ့ဒါကြောင့် အချစ်ရေးတင်မဟုတ်ဘူး လူမူရေး၊ ပေါင်းသင်းဆက်ဆံရေး အားလုံး အဆင်ပြေအောင်နေရတယ်။

ကျွန်တော်တို့ Relationship က ကြာပါပြီ။ new album အခွေ ပထမတစ်ကိုယ်တော်အခွေ မထွက်ခင်ကတည်းက ကျွန်တော်က ကျွန် တော့်ရဲ့ personal ဘဝ နဲ့ ကျွန်တော်ရှိပြီးသားပါ။ ကျွန်တော်ရဲ့ ပရိသတ်တွေက ကျွန်တော့်ရဲ့ relationship နဲ့ပတ်သက်ပြီးတော့ ဘာမှ လိုက်ပြီး ဝင်မစွက်ဖက်ဘူး လို့ကျွန်တော် ထင်ပါတယ်။ 

သူတို့တွေက ကျွန်တော့် ရဲ့သီချင်းကိုပဲ အားပေးကြတာလေ။ ကျွန်တော့်ကို အားပေးကြတာမဟုတ်ပါဘူး။ 

ကျွန်တော်လိုချင်တာက လည်း ပရိသတ်အစစ်ပါ။ 

ကျွန်တော်ဘယ်သူနဲ့ကြိုက်နေလို့ ကျွန်တော်က ဘာဖြစ်နေလို့ ဆိုတာမျိူးကြောင့် အားမပေးရင်လည်းနားလည်နိုင်ပါတယ်။ 

အဓိကက တော့ ကျွန်တော့်ရဲ့ အနုပညာ ကို အားပေးဖို့ပါပဲ ကျွန်တော်လည်း အဲ့ဒိလို ပရိသတ်မျိုးပဲ လိုချင်ပါတယ်” လို ့ထက်ယံက ပြောပြခဲ့တာပါ။

လူငယ်ပရိသတ်တွေရဲ ့အားပေးမှုကို ရရှိနေပြီး ဂီတအနုပညာခရီးလမ်းကို လျှောက်လှမ်းနေတဲ့ အဆိုတော်ထက်ယံဟာ ဇူလိုင်လ ၂ ရက်နေ ့မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ

(နာရီစင်အနီး)မှာ ကျင်းပမယ့် မိုးရာသီအလှကုန် Promotion ပွဲကြီးမှာ သွားရောက်ဖျော်ဖြေပေးဖို ့ရှိတယ်လို ့လည်း သိရပါတယ်။ 

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။