ဇွန် ၂၂ ရက်နေ့ ည ၉ နာရီအချိန်လောက်က ရန်ကုန်မြို့ရှိ ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရား လမ်းထောင့်နားမှာ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာတို့မောင်းလာတဲ့ကားနဲ့ အငှားယာဉ် တက္ကစီတစ်စီးတို့ ကားချင်းငြိရာကနေ စကားများ ရန်ဖြစ် ခဲ့ကြတယ်လို့ သိရပါတယ်။

“ဒီဖြစ်စဉ်ကို အန်ကယ်ကတော့ မျက်မြင်မမြင်လိုက်ဘူး။ ဒါပေမဲ့ ပတ်ဝန်း ကျင်ပြောစကားအရရော၊ အန်ကယ့်ရုံးက မြင်တဲ့သူတွေ ပြောစကားအရရောဆိုရင် တက္ကစီသမားက ထူးအယ်လင်းတို့ကားကို ကြောသလိုလိုနဲ့ မခံချင်အော င်လုပ်ခဲ့တယ်တဲ့။ လမ်းမှာကတည်းကလည်း စကားများလာတယ်တဲ့။

ထူးအယ်လင်းကလည်း မူးနေတယ်နဲ့တူတယ်။ သူကလည်းပေါက်ကွဲပြီး ကားရပ် လိုက်တာနဲ့ စကားတွေများ ကုန်ကြ တာတဲ့။ တက္ကစီပေါ်က အမျိုးသမီးတစ်ယောက်က တောင်းပန်တယ်တဲ့။ ထူးအယ်လင်းကိုတော့ ကြည့်ရတာ မူးနေတ ယ်နဲ့တူတယ်။ ေ ဘးပတ်ဝန်းကျင်ကိုလည်း ရမ်းပြီးအော်ဟစ်တယ်တဲ့။

အဲဒါနဲ့ ရဲကိုလှမ်း အကြောင်းကြားကြတယ်တယ်တဲ့။ ရဲတွေရောက်လာပြီး မနေ့ညက ရဲစခန်းမှာ အိပ် လိုက်ကြရတာပေါ့။ ဒီမနက်အခြေအနေကို အန်ကယ်က လှမ်းမေးတော့ တစ်ဘက်က တက္ကစီကားက ခုချိန်ထိ ရဲစခန်းကို ရောက်မလာဘူး။ ဘာကြောင့်မှန်းတော့မသိဘူး။ တစ်ဘက်က ဘာမှထူးခြားမှုမရှိပေမယ့် ရဲစခန်းက ညအချိန် အော်ဟစ်သောင်းကြမ်းမှုနဲ့ လက်နက် ကိုင်ဆောင်မှုအတွက် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ၃၀(က) တရားရုံး ကိုအမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။

ဒါကတော့ အန်ကယ့် အနေနဲ့ နောက်ဆုံးသိရတဲ့ သတင်းပါပဲ။ ညကရဲစခန်းကို ဖုန်းတွေဆက်မ တာလား။ အန်ကယ် တောင် ဒီမနက် စခန်းမှူးကိုပြောခဲ့ပါသေးတယ်။ ဖုန်းမကောင်းဖြစ်သွားတယ်တဲ့။ အခုတော့ ကောင်းသွား ပါပြီ”လို့ ဒဂုံ မြို့နယ် တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက အိုအေစစ်ကို ဖြေကြားခဲ့ပါတယ်လို့ ရေးသားထားပါတယ်။

“ဒီနေ့ပဲ သိန်း ၂၀ တန်ခံဝန်နဲ့ တရားရုံးက အာမခံပေးလိုက်ပါပြီ။ ဇွန် ၂၉ ရက်နေ့မှာ ရုံးချိန်းရှိပါတယ်။ ကျွန်တော်တို့ စွဲဆို လိုက်တဲ့ ရန်ကုန်ရဲအက် ၃၀(က) က အာမခံပေးလို့ရတယ်လေ။ တရားစွဲပြီးတာနဲ့ ကျွန်တော် တို့နဲ့မဆိုင်တော့ဘူး။ တ ရားရုံးက ပြစ်မှုကြီးအမှတ်နဲ့ ဆက်ပြီး စစ်ဆေးသွားမှာပါ။ ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းပဲ လုပ်ဆောင်သွားမှာပါ။

အခု အာမခံကလည်း ဥပဒေဘောင် အတွင်းကပဲ ခံစားခဲ့ရတာပါ။ တရားစွဲထားတာက ထူးအယ်လင်းကိုရော၊ ကော်ဘရာ ကိုရော နှစ်ယောက်စလုံးကိုစွဲခဲ့တာပါ”လို့ ရဲစခန်းက ရဲအုပ်ဘုန်းမြင့်ကြွယ်က ပြောပြခဲ့ပါတယ်။

ဒဂုံမြို့မရဲစခန်းကစွဲဆိုထားတဲ့ ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ(၃၀)ကပါ ပြဋ္ဌာန်းချက်ကတော့ ဘေးအန ္တရာယ် ဖြစ်စေနိုင်တဲ့ (သို့) ပြစ်မှုကျူးလွန်ရန် အသုံးပြုနိုင်တဲ့ လက်နက်တစ်စုံတရာနဲ့ တွေ့ရှိတဲ့အခါ ကျေနပ်လက်ခံနိုင် လောက်တဲ့ အကြော င်းမပြ၊ မပြောဆိုနိုင်ခဲ့ရင် မည်သည့်ရဲအရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပြီး ပြစ်ဒဏ်သုံးလ(သို့) ငွေဒဏ်ချမှတ်နို င်တ ယ်လို့ ဖော်ပြထားပါတယ်။

ဇွန်၂၃ရက်နေ့ မနက်ပိုင်းက ဒဂုံရဲစခန်းကနေ တရားရုံးကို လွှဲပြောင်းပေးခဲ့ပြီး လာမယ့် ဇွန် ၂၉ ရက်နေ့မှာ ရုံးချိန်းရှိ ကြော င်းလည်း သိရပါတယ်။

ှSource: အိုအေစစ် Oasis

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။