photo credit - mousesports twitter

Europe region က cs:go team တစ်ခုဖြစ်တဲ့ mousesports ကတော့ Bymas ကို woxic ရဲ့နေရာမှာ တရားဝင်ကစားသွားခိုင်းတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

woxic ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက mousesports ကနေ inactive လုပ်သွားတဲ့ player ဖြစ်ပြီး ဘာ့ကြောင့် inactive လုပ်သွားသလဲဆိုတာကိုတော့ သေချာမသိရှိရပါဘူး။

Bymas ကတော့ ပြီးခဲ့တဲ့ 10 ရက်နေ့ကမှ mousesports ကို backup player အဖြစ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်သလို လက်ရှိအချိန်မှာတော့ အသင်းရဲ့လိုအပ်ချက်အရ active roster ထဲကို ဝင်ကစားပေးတော့မှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် mousesports ရဲ့ လက်ရှိ cs:go roster အပြည့်အစုံကတော့

Chris "⁠chrisJ⁠" de Jong

Robin "⁠ropz⁠" Kool

Finn "⁠karrigan⁠" Andersen

David "⁠frozen⁠" Čerňanský

Aurimas "⁠Bymas⁠" Pipiras

Allan "⁠Rejin⁠" Petersen (coach)

တို့ပဲဖြစ်ပါတယ်။

Mousesports အနေနဲ့ ဒီ roster နဲ့အတူ ESL Pro League Season 12 ကိုဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

source - mousesports twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။