အနုပညာရှင်တွေ အထူးသဖြင့် မင်းသမီးတွေ အတွက် ကိုယ်ခန္ဓာ လှပမှု ကျန်းမာမှုကို အထူး ဂရုစိုက်ကြရပါတယ်။ အိမ်ထောင်ကျပြီး ကလေးမွေးပြီး နောက်ပိုင်း မိခင်တို့ အတွက် ဘာစားစား ဝိတ်တက် တာမြန်တဲ့ အတွက်ကြောင့် အချို့သော အနုပညာရှင်တွေဟာ ဂရုမစိုက်ဘဲနေရာမှ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံလာရပါတော့တယ်။ ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဒိစစ် ကို မွေးထားတဲ့ မယ်လိုဒီဟာလည်း သူမရဲ့ ဝိတ်ကို ဘယ်လိုချခဲ့လဲဆိုတာကို Myanmar Celebrity မှ မေးမြန်းခဲ့တဲ့ အခါမှာတော့

သူမဟာ operation လုပ်တာတို့ ဆေးသောက်ပြီး ဝိတ်ချ တာတို့ကို စိတ်ဝင်စားခဲ့ပေမယ့်လဲ အသိဆရာဝန်တွေ နှင့် တိုင်ပင်ကြည့်တဲ့ အခါမှာတော့ ထိုကဲ့သို့ ဝိတ်ချခြင်းကို အားမပေးကြတဲ့ အပြင် သူမရဲ့ အသားအရေဟာလဲ sensitive ဖြစ်တဲ့ အသားအရေမို့ သဘာဝအတိုင်း အစားအသောက်ထိန်းပြီး လေးကျင့်ခန်းကို ပုံမှန်လုပ်ကာ ဝိတ်ချခဲ့တယ်လို့ပြောခဲ့ပါတယ်။

သူမယခုလိုမျိုး ကြိုးကြိုးစားစား ဝိတ်ချခဲ့တဲ့ အတွက် အချိန်ယူခဲ့ရသော်လည်း အပျိုအရွယ် က အတိုင်း ပြန်လည် လှပလာတာကိုလည်း ပရိသတ်တို့မြင်တွေ့ရမှာပါ။ မယ်လိုဒီဟာ မကြာခင်မှာ လူမင်း၊ စွမ်း နှင့် သူမ တို့ရိုက်ထားတဲ့ ရုပ်ရှင်ကားကို ရုံတင်တော့မှာဖြစ်တယ်လို့လဲ ပြောခဲ့ပါတယ်။

Source : myanmarcelebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။