photo credit - ESL One twitter

ESL One Thailand 2020: Americas Dota 2 tournaments ကတော့ ပြီးခဲ့တဲ့ 8 ရက်နေ့ထဲကနေ စတင်ကျင်းပလာခဲ့တာဖြစ်ပြီး ဒီကနေ့ 30 ရက်နေ့မှာတော့ ကျင်းပပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ Americas region က စုစုပေါင်း dota 2 teams 8 သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး Quincy Crew က champion ဆုကိုရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

Quincy Crew ဟာ group stage မှာထဲက 4 Zoomers တစ်သင်းထဲကိုသာရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့အသင်းအားလုံးကို အနိုင်ရရှိကာ အုပ်စု ပထမနဲ့ Playoffs ကိုတက်ရောက်ခဲ့ပြီး

Upper bracket round 1 မှာတော့ group stage မှာရုံးနိမ့်ထားတဲ့ 4 Zoomers နဲ့ပဲ ပြန်လည်ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဒီပွဲစဉ်မှာတော့ Quincy Crew ဟာ 2:0 နဲ့ရှုံးနိမ့်ခဲ့တာကြောင့် Lower bracket round 1 ကိုဆင်းခဲ့ရပြီး Imfamous နဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်။

၎င်းပွဲစဉ်မှာတော့ Quincy Crew ဟာ 2:0 နဲ့အနိုင်ရရှိခဲ့တာကြောင့် Lower bracket Final ကိုတက်ရောက်ခဲ့ပြီး 4 Zoomers နဲ့ပဲထပ်မံယှဉ်ပြိုင်ခဲ့ရပါတယ်။

ဒီပွဲစဉ်မှာတော့ Quicy Crew ဟာ 2:0 နဲ့အနိုင်ရရှိပြီး နောက်တဆင့်ဖြစ်တဲ့ Grand Final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Grand Final မှာတော့ Quincy Crew ဟာ group stage မှာတုန်းက 2:1 ဆိုတဲ့ရလာဒ်နဲ့အနိုင်ရရှိထားတဲ့ Thunder Predator နဲ့ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

ဒီပွဲစဉ်မှာလည်း Quincy Crew ဟာ Thunder Predator ကို 3:0 ဆိုတဲ့ရလာဒ်နဲ့ ထပ်မံအနိုင်ရရှိခဲ့တာကြောင့် ဆုကြေးငွေ $28,000 နဲ့အတူ ESL One Thailand 2020 : Americas champion ဆုကြီးကို ရယူနိုင်ခဲ့ပါတယ်။

ESL One Thailand 2020 : Americas မှာ champion ဖြစ်ခဲ့တဲ့ Quincy Crew ရဲ့ roster အပြည့်အစုံကတော့

Po 1 – YazwaR

Po 2 – Quinn

Po 3 – Lelis

Po 4 – MSS

Po 5 – SVG

တို့ပဲဖြစ်ပါတယ်။

source - ESL One twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။