အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အမေရိကန်ပြည်ထောင်စုကို သွားရောက်လည်ပတ်ပြီး အမေရိကန်သမ္မတထရမ့်နဲ့မတွေ့ဆုံခင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဦးစွယာပထမ တွေ့ဆုံခဲ့တယ်လို့ Channel NewsAsia သတင်းမှာ ဖော်ပြထားပါတယ်။ 

ဝန်ကြီးချုပ် မိုဒီက သမ္မတထရမ့်ကို အိန္ဒိယနဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေး တိုးတက်စေဖို့နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ရည်ရွယ်ပြီး ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။ 

မိုဒီက ထိပ်သီးအမေရိကန်နည်းပညာ ကုမ္ပဏီတွေက အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား CEO တွေ ဖြစ်ကြတဲ့ ဂူးဂယ်ကုမ္ပဏီက ဆန်ဒါပီချိုင်း၊ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ဆက်ရာ နာဒယ်လာ၊ အဒိုဘီ စစ်စတမ်က ရှန်တာနူ နာရာရန် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။